တရုတ်ထိပ်တန်း တက္ကသိုလ်ကို အိုင်အက်စ်တို့ ကွန်ပြူတာ ဟက်ကာထိုးဖောက်

တရုတ်ထိပ်တန်း တက္ကသိုလ်ကို အိုင်အက်စ်တို့ ကွန်ပြူတာ ဟက်ကာထိုးဖောက်

ပေကျင်း၊ ဇန်နဝါရီ ၁၈ ။             ။ တရုတ်နိုင်ငံက ထိပ်တန်းတက္ကသိုလ်များမှ တစ်ခုဖြစ်သည့် တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကို အိုင်အက်စ်သြဇာခံဟု ကြွေးကြော်ထားသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့က ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်က သတင်းများ ဖော်ပြသည်။

ထိုဟက်ကာများက ထျန်းဟွာတက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကို ဖောက်ဝင်ခဲ့ကာ အာရေဗျကဗျာနှင့် စာသားများကို ဂီတသံများနှင့်အတူ ရေးသားဖော်ပြခဲ့ကြောင်း ကျောင်းသတင်းစာက ဖော်ပြသည်။

ကျောင်းစာသင်ခန်းများနှင့် ဌာနသတင်းများကို ဖော်ပြရမည့်အစား ဝက်ဘ်ဆိုက်တွင် ခေါင်းမြီးခြုံတိုက်ခိုက်ရေးသမားများက အိုင်အက်စ်အလံကိုင်ဆွဲကာ မြင်းစီးလျက်ရှိပုံများကို ဖော်ပြထားခြင်းဖြစ်သည်။

ဟက်ကာတိုက်ခိုက်သည့် အဖွဲ့က အိုင်အက်စ်ဟက်ကာများဟု ၎င်းတို့ကိုယ်ကို ဖော်ပြ၍လည်း ထားသည်။

"ဘုရားသခင်က ကြီးမြတ်တယ်။ သေခြင်းကို ငါမကြောက်။ ငါ့ရဲ့ အန္တိမပန်းတိုင်က မြင့်မြတ်တဲ့ သေခြင်းဖြစ်တယ်။"ဟု အဓိပ္ပာယ်ရသော အာရေဗျစာများကိုလည်း ရေးသားထားသည်။

ကျောင်းသားသတင်းစာ၏ ဖော်ပြချက်ကို နိုင်ငံပိုင်သတင်းစာများကလည်း ကျယ်ပြန့်စွာ ဖော်ပြခဲ့သော်လည်း မူလ ဟက်ကာများ လုပ်ဆောင်ထားသည့် သတင်းဖော်ပြချက် စာသား၊ ဓာတ်ပုံများကိုမူ ဖျက်ပစ်ထားခဲ့သည်။

ကမ္ဘာတွင် တရုတ်ပြည်မကြီးက အွန်လိုင်းသုံးစွဲမှု တင်းကျပ်သည့် နိုင်ငံများတွင် တစ်နိုင်ငံဖြစ်သည်။ အနောက်နိုင်ငံများမှ ဝက်ဘ်ဆိုက်တစ်ချို့ကိုပင် ပြည်တွင်း၌ ပိတ်ပင်ထားသည့် နိုင်ငံဖြစ်သည်။

သမ္မတရှီကျင့်ဖျင်၏ ဇာတိဖြစ်သည့် တရုတ်အနောက်စွန်းဒေသဖြစ်သည့် မွတ်စလင် ဝီဂါလူမျိုးစုများ ကြီးစိုးရာ ဒေသသည် မငြိမ်မသက်ဖြစ်နေကာ နိုင်ငံခြားအချိတ်အဆက်များနှင့် ဆက်သွယ်မှုရှိသည့် ခွဲထွက်ဘာသာရေးအစွန်းရောက်များကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွာလျက်ရှိနေသည့် ဒေသလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly