ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဝက်ဖို့ဒ်အသင်း သိမ်းပိုက်

ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဝက်ဖို့ဒ်အသင်း သိမ်းပိုက်

ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများကို ဝက်ဖို့ဒ်အသင်းက သိမ်းပိုက်သွားခဲ့သည်။ အကောင်းဆုံး နည်းပြဆုကို ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ် ဖလောရက်စ်က ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး အိုင်ဟာလိုက ရရှိခဲ့သည်။

ဝက်ဖို့ဒ်အသင်းသည် ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်ငါးပွဲတွင် သုံးပွဲ အနိုင်ရရှိခဲ့ ပြီး တစ်ပွဲသရေကျကာ တစ်ပွဲရှုံးခဲ့သည်။ နောဝှစ်ချ်အသင်းကို ၂-ဝ၊ ဆန်းဒါးလန်းအသင်းကို ဝ-၁၊ လီဗာပူးလ်အသင်းကို ၃-၀ ဖြင့် အနိုင်ရခဲ့ပြီး ချယ်လ်ဆီးဖြင့် ၂-၂ သရေကျကာ စပါးကို ၁-၂ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ပွဲကျပ်ကာလတွင် ထိုကဲ့သို့ သုံးပွဲဆက် အနိုင်ရခဲ့သည့်အတွက် ဝက်ဖို့ဒ်အသင်းမှာ အဆင့် ၁၀ တွင် ရပ်တည်လျက် ရှိသည်။ နည်းပြ ဖလောရက်စ်မှာ တစ်လတာ အကောင်ဆုံးနည်းပြဆုကို ရရှိသည့် ပထမဆုံး ဝက်ဖို့ဒ်နည်းပြ ဖြစ်လာခဲ့သည်။

'ဒါက တကယ်ကို ကြီးကျယ်တဲ့ ဂုဏ်ပြုခံရမှုပါပဲ။ အလွန်ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒီဆုက ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်ကြတဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေအားလုံး ရရှိတာပါ။ သူတို့ရဲ့ အကူအညီမပါပဲ ဒီဆုကို ကျွန်တော ်မရနိုင်ပါဘူး' ဟု နည်းပြ ဖလောရက်စ်က ပြောသည်။

နိုက်ဂျီးရီးယား တိုက်စစ်မှူး အိုင်ဟာလိုမှာ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် ပွဲစဉ်ငါးပွဲတွင် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် အိုင်ဟာလို သည် ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထားပြီး လူကာကူနှင့် ဗာဒီတို့၏နောက် တတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly