အာရုံစူးစိုက်မှုကြောင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းအသင်းနည်းပြ ဆို

အာရုံစူးစိုက်မှုကြောင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းအသင်းနည်းပြ ဆို
ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ် ရူသာအား ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ တွင် ဆောက်သမ်းမြန်မာအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ခြင်းမှာ ကစားသမားများ ပွဲကို အာရုံအပြည့် စိုက်နိုင်ခဲ့သည့်အတွက် ဖြစ်သည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ရူသာက ဆိုသည်။ ဆောက်သမ်းအသင်းနှင့်ပွဲတွင် ပင်နယ်တီဂိုးကို ဂိုးသမား သီဟစည် သူက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို တိုက်စစ်မှူး စိုးမင်းဦး၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်နှင့် ဂတ်စတာဗို တို့က ခြေစွမ်းပြ ဂိုးသွင်းကာ ငါးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

“အိမ်ကွင်းမှာ ကစားရတဲ့ ဟံသာဝတီယူနိုက်တက်ပွဲနဲ့ အခု ဆောက်သမ်းပွဲကြားက ခြားနား ချက်က အာရုံစိုက်မှုပါပဲ။ အာရုံစိုက်မှုက ပွဲတစ်ပွဲအတွက် အဓိက ကျပါတယ်။ ဒီပွဲကို ကျွန်တော့်ကစား သမားတွေ အာရုံအပြည့် စိုက်နိုင်ခဲ့လို့ အနိုင်ရခဲ့တာပါ။ လာမယ့်ပွဲစဉ်တွေ အတွက်လည်း အသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားပါ့မယ်” ဟု ဆောက်သမ်းမြန်မာအသင်းနှင့် ပွဲအပြီးတွင် အသင်းရဲ့ နိုင်ပွဲရရှိမှုအပေါ် သုံးသပ်ခဲ့သည်။

ရှမ်းအသင်းသည် ဇန်နဝါရီ ၂၃ တွင် အိမ်ကွင်း၌ ရန်ကုန်နှင့် ပွဲကြပ် ယှဉ်ပြိုင်ကစားရမည့်အပြင် ယင်းပွဲစဉ်အပြီး၌ ဇေယျာရွှေမြေအသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် မုံရွာကွင်းတွင် သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly