JYP ဝက်ဆိုဘ်ကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်ခဲ့

JYP ဝက်ဆိုဘ်ကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်ခဲ့

တောင်ကိုရီးယားနိုင်ငံ JYP Entertainment ၏ တရားဝင် ဝက်ဆိုက်ဘ်ကို ဇန်နဝါရီ ၁၆ ရက်က Anonymous Taiwan ဟုခေါ်သော ဟက်ကာအဖွဲ့၏ တိုက်ခိုက်ခဲ့သည်။

JYP ၏ အမျိုးသမီးအဆိုတော်အဖွဲ့ Twice မှ အဖွဲ့ဝင် Tzuyu သည် ဖျော်ဖြေပွဲ ပြုလုပ်နေ စဉ်အတွင်း ထိုင်ဝမ်အလံကို ဝှေ့ယမ်းခဲ့သည့်သတင်း ပျံ့နှံခဲ့ရာ JYP မှ တာဝန်ရှိသူတစ်ဦးက တောင်းပန် ခဲ့သော်လည်း Tzuyu သည် တရုတ်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်မှုများ ခံခဲ့ရသည်။

ဖျော်ဖြေပွဲအပြီးတွင် Tzuyu အေဂျင်စီက ၎င်းတောင်းပန်ထားသော ဗီဒီယိုဖိုင်ကို တရုတ် ပရိတ်သတ်များအတွက် တင်ပေးခဲ့သည်။ ဗီဒီယိုဖိုင်တွင် “တရုတ်နိုင်ငံတစ်ခုတည်းကို ထောက်ခံ တာပါ။ ကျွန်မ လွတ်လပ်တဲ့ ထိုင်ဝမ်ကို ထောက်ခံတာ မဟုတ်ပါဘူး” ဟု ပြောကြားထားသည်။ ယင်းကဲ့သို့ တောင်းပန်ထားသည့် ဗီဒီယိုဖိုင်ကြောင့် ထိုင်ဝမ်ပြည်သူများ ဒေါသထွက်ခဲ့သည်။

အများစုက အေဂျင်စီသည် အသက် ၁၆ နှစ်အရွယ်ရှိ Tzuyu ကို အရှက်ရစေသည့် တောင်းပန်မှုတွေ လုပ်ဆောင်ပေးရန် ဖိအားပေးခဲ့သည်ဟု ယူဆနေကြသည်။ ယင်းကြောင့် ဟက်ကာ အဖွဲ့သည် JYP ၏ ဝက်ဆိုဘ်ကို တိုက်ခိုက်ခြင်ဖြင့် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

JYP သည် ယင်းကိစ္စရပ်ကို ရှင်လင်းအောင် မလုပ်လျှင် ဝက်ဆိုဘ်ဒ်ကို နောက်တစ်ကြိမ် ဟက်ကာ တိုက်ခိုက်ဦးမည်ဖြစ်ကြောင်း Anonymous Taiwan ဟုခေါ်သော ဟက်ဟာအဖွဲ့က သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly