One Direction အဖွဲ့ကို ခေတ္တ ရပ်နားထားခြင်းဖြစ်ကြောင်း Liam Payne ပြော

One Direction အဖွဲ့ကို ခေတ္တ ရပ်နားထားခြင်းဖြစ်ကြောင်း Liam Payne ပြော

One Direction အဖွဲ့ ဖျက်သိမ်းလိုက်ပြီဟူသော ကောလဟာလသတင်းမှာ မမှန်ကန်ကြောင်းနှင့် အဖွဲ့ကို ခေတ္တမျှသာ ရပ်နာထားခြင်းဖြစ်ကြောင်း အဖွဲ့ဝင် Liam Payne က ပြောကြားသည်။

One Dierction အဖွဲ့သည် စာချုပ်ကို ထပ်မံ သက်တမ်းတိုးခြင်း မရှိခြင်းကြောင့် ယခုသီတင်း ပတ်က အဖွဲ့ အမှန်တကယ် ဖျက်သိမ်းလိုက်ပြီဟူသော သတင်း ထွက်ပေါ်လာခဲ့ရာ ပရိတ်သတ်များ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်  Liam Payne ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Payne လော့စ်အိန်ဂျလိစ် လေဆိပ်သို့ ရောက်ရှိစဉ် Payne ကို One Direction အဖွဲ့ ကွဲသွားပြီးဆိုသည့် သတင်းမှာ အမှန်ဟုတ်မဟုတ်နှင့် ဇေယန်မာလစ်ခ် အဖွဲ့အတွင်း ပြန်လည် ဝင်ရောက်မည် ဆိုသည့် သတင်းမှာ အမှန်ဟုတ်မဟုတ် TMZ သတင်းဌာနက မေးမြန်ခဲ့သည်။

“အဖွဲ့ ကွဲသွားပြီးဆိုတဲ့ သတင်းဟာ မမှန်ပါဘူး။ ကျွန်တော်တို့အဖွဲ့ဟာ Brit ဆုပေးပွဲမှာ ဆုနှစ်ဆု ရရှိထားတယ်။ ဇေယန်ဟာလည်း သီချင်းတွေ လုပ်ဆောင်နေပါတယ်။ သူဟာ အရမ်းကို တော်တဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် ဇေယန်ကို ချစ်ပါတယ် ” ဟု Payne က ပြန်လည် ဖြေကြားခဲ့သည်။

အဖွဲ့နှင့် စပ်လျဉ်း၍ ကောလဟာလသတင်းများကို ငြင်းဆိုမှုသည် Payne အတွက် ပထမဆုံး အကြိမ် မဟုတ်တော့ပေ။ ပြီးခဲ့သည့်လကလည်း Jingle Ball တေးဂီတဖျော်ဖြေပွဲတွင် Payneက “ကျွန်တော်တို့အဖွဲ့ ပြန်လာမှာပါ။ ကျွန်တော်တို့ တေးသီချင်းတွေအားလုံးကို ကမ္ဘာလှည့် ဖျော်ဖြေပွဲ လုပ်ချင်ပါတယ်။ ကျွန်တော်တို့က တေးသီချင်းတွေကို ချစ်ပါတယ်” ဟု  E! News ကို ဖြေကြားခဲ့သည်။

Pyane သည် လက်ရှိအချိန်တွင် တစ်ကိုယ်တော် အဆိုတော်လုပ်ဆောင်ရန် အဓိကထား လုပ်ဆောင်လျက် ရှိသည်။ Pyane သည် ဇန်နဝါရီ ၁၇ ရက်က “မနေ့က ပရိတ်သတ်တွေအတွက် သီချင်းရေး ခဲ့တယ်” ဟူသော စာသားရေးသားထားသော အဖြူအမည်း ဗီဒီယိုဖိုင်တစ်ခုကို  Instagram တွင် တင်ခဲ့သည်။

Pyane သည် One Direction အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် တစ်ကိုယ်တော် အဆိုတော်အ ဖြစ် လုပ်ဆောင်ရန် အဓိကထား လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်။ ယခုလ အစောပိုင်းကလည်း ဟယ်ရီစတိုလ်သည် အမေရိကန် တေးရေးဆရာ၊ စာရေးဆရာနှင့် ထုတ်ဝေသူ အဖွဲ့ ( ASCAP) တွင်  “5378 Miles” ၊  “Already Home”  နှင့် “Coco and Endlessly”  အမည်ရှိ သီချင်းသစ်သုံးပုဒ် မှတ်ပုံတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly