ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားအမတ်စာရင်း ထုတ်ပြန်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားအမတ်စာရင်း ထုတ်ပြန်

ဇန်နဝါရီလ ၁၉ ရက် ။               ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လာမည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တင်သွင်းသည့် တပ်မတော်သားအမတ် ၁၁၀ ဦး၏ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်သည်။

ယင်း တပ်မတော်သားပြည်သူ့လွှတ်တော်အမတ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမတ် ၁၁၀ ဦးတွင် အမျိုးသမီးစစ်မှုထမ်း နှစ်ဦးသာပါရှိပြီး ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်တို့ ဖြစ်သည်။

ရာထူးတာဝန်များအနေဖြင့် ဗိုလ်ချုပ် ၂ ဦး၊ ဗိုလ်မှူးချုပ် ၆ ဦး၊ ဗိုလ်မှူးကြီး ၇ ဦး တို့သာမက ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ များလည်းပါဝင်ပြီး ဗိုလ်မှူးရာထူးအများဆုံးဖြစ်ပြီး ၅၀ ဦးကျော်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၀၉ အရ ပြည်သူ့လွှတ်တော်ကို ရွေးကောက်တင်မြှောက်သည့် အမတ် ၃၃၀ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားအမတ် ၁၁၀ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly