ကျောက်ခွဲစဉ် ကျောက်တုံးပိ၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

ကျောက်ခွဲစဉ် ကျောက်တုံးပိ၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

မုံရွာ၊ ဇန်နဝါရီ ၁၈။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ နန်းပါးမွန်ချောင်းအနီး မော်ကူကြိုးဝိုင်းအတွင်း ကျောက်တောင်အားခွဲစဉ် ကျောက်တုံး နှင့် ရိုက်ဖိမိ၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက်က မော်ကူကြိုးဝိုင်း၊ အကွက်အမှတ်(၁၃၃)တွင် ကျောက်တောင်အား ကျောက်ခွဲစဉ် ကျောက်တုံးပြုတ်ကျကာ တရုတ်နိုင်ငံ ကူမင်မြို့နေ Mr.Luo Chan Giun (၄၇)နှစ် နှင့်အတူ ကလေးမြို့နယ် ဒေသခံတစ်ဦး ကျောက်တုံးပိမိခြင်းဖြစ်သည်။ ၎င်းကို ကလေးမြို့နယ် ဆေးရုံသို့ တင်ပို့စဉ် တရုတ်နိုင်ငံသားက လမ်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကလေးဒေသခံမှာမူ ခါးနောက်ကျော ဒဏ်ရာ ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ဇန်နဝါရီ ၁၇ ရက်တွင် သက်ဆိုင်ရာ မော်လိုက်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၆) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly