လာမည့်ရက်ပိုင်းအတွင်း အသင်းပြောင်းရွှေ့ဖြစ်မည်ဟု ရှနိုက်ဒါလင် ပြောကြား

လာမည့်ရက်ပိုင်းအတွင်း အသင်းပြောင်းရွှေ့ဖြစ်မည်ဟု ရှနိုက်ဒါလင် ပြောကြား

အင်္ဂလန်၊ ဇွန် ၂၅။ ။ ဆောက်သမ်တန်အသင်းမှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်က လာမည့်ရက်ပိုင်းအတွင်း၌ အသင်းပြောင်းရွှေ့ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

အပြောင်းအရွှေ့ကိစ္စရပ်များမှာ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ၎င်းပြောင်းရွှေ့ဖြစ်မည့်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရသည့် အသင်းတစ်သင်းသာ ဖြစ်ကြောင်း ရှနိုက်ဒါလင်က ပြောသည်။

ဆောက်သမ်တန်အသင်းသည် ရှနိုက်ဒါလင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း တောင်းဆိုထားသည်။ ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သော မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့မှာ အသက် ၂၅ နှစ် အရွယ်ရှိ ရှနိုက်ဒါလင်ကို ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

'အပြောင်းအရွှေ့ကိစ္စရပ်က ဆက်လက်ဆွေးနွေးနေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အပြီးသတ်သင့်နေပါပြီ။ ရာသီကြိုလေ့ကျင့်မှုတွေ မစတင်မီမှာ အသင်းပြောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု ရှနိုက်ဒါလင်က France Bleu Alsace ရေဒီယိုသို့ ပြောသည်။

ဆောက်သမ်တန်ကစားသမားများသည် ရာသီကြို ပြင်ဆင်ရန်အတွက် လာမည့်ဇွန်လ ၂၉ ရက်နေ့တွင် အသင်းသို့ ပြန်ရောက်ကြောင်း သတင်းပို့ ရမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly