မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း
(ဓာတ်ပုံ - အီးပီအေ)

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘာလှည့်ဧည့်သည်ဦးရေ ပို၍ တိုးများလာနိုင်ဖွယ်ရှိနေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ ခရီးသွားဧည့်သည် လာရောက်မှုက ၄ ဒသမ ၂ သန်းအထိရှိခဲ့သည်။ ၂၀၁၆ ဧပြီမကုန်မီ ဧည့်ဝင်ရောက်မှု ငါးသန်းအထိ ရောက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်း ၄၇ ခု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၁ က စီမံကိန်း ၃၆ ခုမှ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့သည်ထက် ၁ ဒသမ ၅ ဘီလီယံ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းတွင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၌ စင်ကာပူသည် နိုင်ငံအားလုံးနှင့် ဒေသတွင်းတွင် အများဆုံး ရင်းနှီးမြုပ်နှံသူဖြစ်ပြီး ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ ရင်းနှီးမြုပ်နှံကာ နောက်တွင် ဗီယက်နမ်နိုင်ငံက ဒေါ်လာ သန်း ၄၄၀ ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုသည် ပြီးခဲ့သည့်နှစ်များအတွင်းက ဆက်စပ်ရင်းနှီးမြုပ်နှံမှုများ၏  တိုးတက်မှုနှင့် ကမ္ဘာ့နှင့် အာဆီယံတို့၏ စီးပွားရေးအပေါ်တွင် တည်မှီနေသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ၂၀၁၃-၂၀၂၀ အထူးစီမံကိန်းအရ ၂၀၂၀ ခုနှစ်တွင် ခရီးသွားဧည့်သည်လာရောက်မှု ၇ ဒသမ ၄၉ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly