တည်နေရာ ။ ။ ၄ဝ၇၊ အဆောင် (စီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
လုပ်ငန်းအမျိုးအစား။ ။ ပုံနှိပ်မီဒီယာ
အလုပ်။ ။ မီဒီယာ၊ စာနယ်ဇင်း-သတင်းစာ/ဂျာနယ်
ပညာအရည်အချင်း။ ။ အနည်းဆုံး ဘွဲ့တခု ရရှိပြီး ဖြစ်ရမည်။
လုပ်ငန်းအတွေ့အကြုံ။ ။ အနည်းဆုံး ငါးနှစ်ရှိရမည်။
နောက်ဆုံးထား လျှောက်ရမည့်နေ့။ ။ စက်တင်္ဘာလ ၇ ရက်၊ ၂ဝ၁၂ ခုနှစ်။
ပုံနှိပ် အပတ်စဉ်ထုတ် ဂျာနယ်အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မည့် စီမံခန့်ခွဲမှု အယ်ဒီတာတဦး အလိုရှိပါသည်။ အတွေ့အကြုံရှိကာ အပင်ပန်းခံနိုင်သူ၊ လုပ်ငန်း ဦးဆောင်မှု ပေးနိုင်သူကို စက်တင်္ဘာလအတွင်းမှ စတင်ခန့်အပ်ထားလိုပါသည်။
ရင်ဆိုင်လုပ်ကိုင်ရမည့် တာဝန်ဝတ္တရားများမှာ…
(၁) တိုက်ပိုင် သတင်းထောက်များ၊ ပြင်ပဆောင်းပါးရှင်များ၊ အလွတ် သတင်းထောက်များနှင့် အေဂျင်စီများမှ ရေးသားပေးပို့လာသော သတင်းများ အားလုံးကို သိရှိ စောင့်ကြည့်သွားပြီး သတင်းစာတွင် အရည်အသွေးမြင့်မားသော သတင်းနှင့် အကြောင်းအရာများ အချိန်မီ ပါဝင်နိုင်ရေးအတွက် ဘက်ပေါင်းစုံ (သတင်းခန်း၊ ဘာသာပြန်၊ ဒီဇိုင်နာ၊ ကာတွန်းဆရာ၊ ဆောင်းပါးရှင်၊ သုတေသနသမား)ကို ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်သည်။
(၂) သတင်းတိုက်၏ Editorial Style ၊ Tone တို့ကို တပြေးညီတည်း ဖြစ်အောင်
ထိန်းနိုင်ရမည်။
(၃) လိုအပ်သော ဝန်ထမ်း ခန့်ထားခြင်းနှင့် ဖြုတ်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ရန် အကဲဖြတ်မှုနှင့် အစီရင်ခံမှု ပြုရမည်။
(၄) ပုံမှန် သတင်းအစည်းအဝေးများကို ဦးဆောင်ကျင်းပကာ အယ်ဒီတာများ အားလုံးက ၎င်းတို့ သက်ဆိုင်ရာ သတင်းထောက်များကို သတင်းတာဝန် Assignment များ ချထားမှုမှသည် သတင်း ထွက်ရှိသည်အထိ လိုက်နာလုပ်ဆောင်စေ၇န် စီမံရသည်။
(၅) ပြင်ပဆောင်းပါးရှင်၊ အလွတ်သတင်းထောက်တို့ကိုလည်း အချိန်မီ သတင်းနှင့် ဆောင်းပါး ပေးပို့နိုင်ရန် စီမံရသည်။
(၆) အယ်ဒီတာချုပ် ခွင့်ပြုချက်ဖြင့် တိုက်တွင်း၊ တိုက်ပြင် လုပ်ငန်းဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ဆွေးနွေးရမည်။
(၇) အယ်ဒီတာချုပ်ကို လုပ်ငန်းအစီရင်ခံရမှာဖြစ်ပြီး စာမူခများ သတ်မှတ်ချီးမြှင့်ခြင်း လုပ်ဆောင်ရမည်။
*******
လိုအပ်သော အရည်အသွေးများ
(၁) မိမိဘာသာ ထိုးထွင်းဉာဏ်နှင့် လုပ်ဆောင်နိုင်မှု
(၂) လူမှုဆက်ဆံရေး နှင့် စာအရေးအသား ကောင်းမွန်မှု
(၃) ပဋိပက္ခ ဖြေရှင်းနိုင်စွမ်းနှင့် သံရေးတမန်ရေး နားလည်မှု
(၄) သတင်းစာ၊ ဂျာနယ်များတွင် အကြီးတန်းအဆင့် အယ်ဒီတာ အတွေ့အကြုံ
(၅) တည်းဖြတ်နိုင်စွမ်း ကောင်းရမည်။ ပရော်ဖက်ရှင်နယ် မဟုတ်သော စာရေးသူများ (သို့မဟုတ်) ပရော်ဖက်ရှင်နယ်အဆင့် မရှိသော စာရေးသူများ၏ ရေးသားပေးပို့မှုကိုပါ တည်းဖြတ်ပေးနိုင်စွမ်း ရှိရမည်။
(၆) အသင်းလိုက် စုစည်းလုပ်နိုင်စွမ်း ကောင်းပြီး အချိန်ကို စီမံခန့်ခွဲမှု ကောင်းရန် လိုသည်။






