တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > ကြေညာချက် > မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (ရန်ကုန်တိုင်းဒေသကြီး) ညီလာခံ

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (ရန်ကုန်တိုင်းဒေသကြီး) ညီလာခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

640
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း Myanmar Journalists Association - MJA (ရန်ကုန်တိုင်းဒေသကြီး) ညီလာခံနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၄ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအတွင်း ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်း သြခစ် ဟိုတယ်ခန်းမတွင် ကျင်းပမည် ဖြစ်ပါသဖြင့် MJA အသင်းဝင် မှတ်ပုံတင်စာရင်း ပေးသွင်းထားပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သူများ အားလုံး တက်ရောက်ကြပါရန် ညီလာခံ ကျင်းပရေး ကော်မတီက ဖိတ်ကြားထားပါသည်။

ဖိတ်စာများကို အမြန်ဖြန့်ဝေရေး ကိုယ်စားလှယ်ဖြင့် ပေးပို့ထားပါသည်။ အကြောင်းကြောင်းကြောင့် ဖိတ်စာ မရောက်သည့်တိုင်အောင် မိမိ၏ မှတ်ပုံတင်ဖြင့် လာရောက် သတင်းပို့ တက်ရောက်နိုင်ပါသည်။

အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆန္ဒရှိသူများသည် ကြိုတင် အမည်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

ဖုန်း ဝ၉ ၄၂၁ ဝ၉၄ ၆၅၉ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်င်ပါသည်။



 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 69 guests online