အကြောပြင်ဆရာမ ဂျုးဒစ်၊ ကြံ့ခိုင်ရေးနည်းပြ စတီဖင် တို့နှင့် မြန်မာယူ-၂၀လမ်းခွဲ

အကြောပြင်ဆရာမ ဂျုးဒစ်၊ ကြံ့ခိုင်ရေးနည်းပြ စတီဖင် တို့နှင့် မြန်မာယူ-၂၀လမ်းခွဲ
ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်နေသည့် ဂျုးဒစ်(ယာအစွန်) နှင့် စတီဖင်။(ဓာတ်ပုံ- Komand Chard)

ဇွန် ၁၉၊ ရန်ကုန်။ ။ ၂၀၁ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၀အသင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဂျာမနီနိုင်ငံသားများဖြစ်သော အကြောပြင်ဆရာမ ဂျုးဒစ်၊ ကြံ့ခိုင်ရေးနည်းပြ စတီဖင် တို့နှင့် လမ်းခွဲခဲ့ပြီဖြစ်သည်။

ဂျုးဒစ်နှင့် စတီဖင်တို့မှာ မြန်မာယူ-၂၀အသင်းနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်၏ အကူအညီတောင်းခံမှုကြောင့် မြန်မာယူ-၂၀အသင်းနှင့်လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကာလတိုစာချုပ်သာချုပ်ဆိုထားသည်။ “သူတို့နှစ်ယောက်စလုံးက ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက စာချုပ်ကုန် သွားပြီ။ အသင်းကလည်း ဒီနှစ်ထဲမှာ ပြန်ဖွဲ့ဖို့မရှိတာကြောင့် လမ်းခွဲခဲ့တာပါ။ ယူ-၂၀ကစားသမားတွေကို ၂၀၁၇ ဆီးဂိမ်းအတွက် ၂၀၁၆ထဲမှာ ပြန်ဖွဲ့မှာဖြစ်လို့ အဲ့ဒီအချိန်ကျရင် သူတို့ကို ပြန်ခေါ်မလားဆိုတာကတော့ နည်းပြကြီးရဲ့ဆုံးဖြတ်ချက်အတိုင်းပါပဲ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်က ပြောသည်။

အကြောပြင်ဆရာမ ဂျုးဒစ်မှာ ၂၀၁၄ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲကာလကတည်းက မြန်မာအသင်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး စတီဖင်မှာမူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပြီးနောက်သွားရောက်ခဲ့သည့် တူရကီခရီးစဉ်တွင် မြန်မာယူ-၂၀အသင်းနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၀အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်သက်တမ်း တစ်နှစ်ကျော်ကျန်ရှိနေသေးပြီး ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃အသင်းကို ကိုင်တွယ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly