မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များကို ဂိုးသမားဒီဂီယာဖွင့်ဟ

မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များကို ဂိုးသမားဒီဂီယာဖွင့်ဟ

ဇွန် ၂၁၊ မန်ချက်စတာ ။           ။ ဂိုးသမားဒေးဗစ်ဒီဂီယာသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ချင်သောကြောင့် မန်ယူမှထွက်ခွာချင်သည်ဟု အသင်းဖော်များကို ပြောကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဒီဂီယာကိုစိတ်ဝင်စားနေရာ ယင်းဂိုးသမား၏ အိုးထရက်ဖို့ဒ်အနာဂါတ်မှာ မရေရာတော့သည့် အနေအထား ဖြစ်သည်။

စပိန်လက်ရွေးစင်ဂိုးသမားကလည်း လာမည့်ရာသီတွင် မက်ဒရစ်သို့ပြန်ရန်ဆုံးဖြတ်ထားသည်ဟု မန်ယူအသင်းဖော်များကို ထုတ်ဖော်ပြောဆို ထားသည်။

ဒီဂီယာ၏အပြောင်းအရွှေ့ကိစ္စမှာ မန်ယူကစားသမားများအကြား ဆွေးနွေးစရာအကြောင်းအရာတစ်ခုအဖြစ်လည်း ရှိနေသည်။ ဇွန်လ တတိယပတ်အတွင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ဒီဂီယာကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့သည်ဟု ဒေး လီးမေးလ်သတင်းစာက ယူဆနေသည်။

ယင်းဈေးနှုန်းမှာ နည်းပါးသော်လည်း အသက် ၂၄ နှစ်အရွယ်ရှိ ဒီဂီယာသည် မက်ဒရစ်မြို့သို့ ပြန်လာချင်နေသည်ကို ရီးယဲလ်မက် ဒရစ်အ သင်းက သိရှိထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly