အင်္ဂလိပ်ကစားသမားများမှာ တန်းဖိုးထက်စျေးပိုပေးရသူများဟု ဖာဒီနန်ဝေဖန်

အင်္ဂလိပ်ကစားသမားများမှာ တန်းဖိုးထက်စျေးပိုပေးရသူများဟု ဖာဒီနန်ဝေဖန်

ဇွန် ၂၁၊ လန်ဒန် ။        ။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဖာဒီနန်က အင်္ဂလိပ်ကစားသမားများ၏ဈေးနှုန်းကို မေးခွန်း ထုတ်လိုက်ပြီး ရှိသင့်သည့်တန်ဖိုးထက် ဈေးပိုပေးရသူများဖြစ်သည်ဟု ဝေဖန်လိုက်သည်။

မေလတွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့သော အသက် ၃၆ နှစ်အရွယ် ဖာဒီနန်သည် ၂၀၀၂ ခုနှစ်တွင်မန်ယူအသင်း သို့ ပေါင်သန်း ၃၀ ဖြင့်ပြောင်းရွှေ့စဉ်က ကမ္ဘာ့ဈေးအကြီးဆုံးနောက်တန်းကစားသမားဖြစ်ခဲ့ဖူးသည်။

"လက်ရှိအချိန်မှာ အင်္ဂလိပ်ကစားသမားတွေက ဈေးကြီးလွန်းနေတာ ရယ်စရာပဲ"ဟု ဖာဒီနန်က ပြောသည်။

သို့သော်လည်းလက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလအတွင်းတွင် အင်္ဂလန်လက်ရွေးစင်များဖြစ်သည့် မီလ်နာနှင့် ကလီဗာလေ တို့သည် လီဗာပူးလ်နှင့် အဲဗာတန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းသွားကြကြောင်း ဘီဘီစီသတင်းဋ္ဌာနက ဖော်ပြသည်။

နောက်ခံလူ မီကာရစ်ချတ်သည်လည်း အက်စတွန်ဗီလာသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ပြီး စပါးအသင်းက နောက်ခံလူ ထရစ်ပီယာ ကို ပေါင် ၃ ဒသမ ၅ သန်းဖြင့်ခေါ်ယူခဲ့ကာ လီဗာပူးလ်သည်လည်း ဘန်လေတိုက်စစ်မှူး ဒါနီအင့်စ်ကိုခေါ်ယူရာတွင် လျော်ကြေး သာပေးရမည်ဖြစ်သည်။

ယင်းအချိန်တွင် မန်ယူအသင်းသည် ပေါင်သန်း ၅၀ တန် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုလိုက်နေပြီး လီဗာပူးလ်အသင်းကပေါင် သန်း ၅၀ သတ်မှတ်ထားသော စတာလင်းကို မန်စီးတီးအသင်းက ပေါင်သန်း ၄၀ ဖြင့်ကမ်းလှမ်းမှုမှာ ပယ်ချခံထားရသည်။

ဖာဒီနန်ကမန်စီးတီးတိုက်စစ်မှူး အဂူရို၊ အာဆင်နယ်ရှေ့တန်းလူဆန်းချက်ဇ်တို့ကဲ့သို့သော နိုင်ငံခြားကစားသမားများမှာ ပိုကောင်း သည့် တန်ဖိုးရှိသူများဟု တွစ်တာမှတစ်ဆင်ချီးကျူးခဲ့သည်။ ဖာဒီနန်က "အဂူရို ၃၈ သန်းနဲ့ ဆန်းချက်ဇ် ၃၂ သန်း"ဟု ရေးသားခဲ့ သည်။

အန်ဒီကာရိုးလ်မှာ ဗြိတိန်အသင်းတစ်သင်းက ခေါ်ယူသည့် တန်ဖိုးအရှိဆုံးဗြိတိန်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ဇန်နဝါရီတွင် လီဗာပူးလ်က နယူးကာဆယ်အသင်းထံမှ ပေါင် ၃၅ သန်းဖြင့်ခေါ်ယူခဲ့ရသည်။ ယင်းတိုက်စစ်မှူးသည် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ၄၆ ပွဲက စားခဲ့ပြီး ခြောက်ဂိုးသာသွင်းနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly