အက်သလက်တိုက်စစ်မှူး မန်ဇူကစ်ကို ယူရို ၁၈ သန်းဖြင့် ဂျူဗင်တပ်စ်ခေါ်ယူရန် သဘောတူညီမှုရရှိ

အက်သလက်တိုက်စစ်မှူး မန်ဇူကစ်ကို ယူရို ၁၈ သန်းဖြင့် ဂျူဗင်တပ်စ်ခေါ်ယူရန် သဘောတူညီမှုရရှိ

အီတလီ၊ ဇွန် ၁၉။ ။ စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းသည် အက်သလက်တီကိုအသင်းမှ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိသွားပြီဖြစ်သည်။
မန်ဇူကစ်သည် လာမည့် တနင်္လာနေ့တွင် ဆေးစစ်မှုခံယူမည်ဖြစ်ပြီး လာမည့်အပတ်အစောပိုင်း၌ပင် ဂျူဗင်တပ်စ်အသင်းသို့ တရားဝင်ရောက်ရှိဖွယ်ရှိသည်။

ဂျူဗင်တပ်စ်အသင်းသည် မန်ဇူကစ်အတွက် ယူရို ၁၅ သန်းကို လက်ငင်းပေးချေရမည်ဖြစ်ပြီး ကျန် ၃ သန်းကို နောက်ပိုင်းမှ ပေးချေရမည် ဖြစ်သည်။ မန်ဇူကစ်၏လစာငွေမှာ အခွန်ဆောင်အပြီး တစ်နှစ်လျှင် ယူရို ၃.၅ သန်းရရှိမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ပါလာမိုမှ ဒိုင်ဘာလာကို ယူရို ၃၂ သန်းဖြင့် ခေါ်ယူထားပြီး ရီးယဲလ်မှကွင်းလယ်လူ ခီဒီရာကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။

အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က အမိမြေသို့ ပြန်လိုသည်ဟု ပြောဆိုခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းသည် မန်ဇူကစ်ကို ခေါ်ယူနိုင်ရန် လျှင်လျှင်မြန်မြန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly