မန်ယူသို့မပြောင်းရန် ရှဝိန်းစတိုင်ဂါကို ဘက်ကင်ဘောင်ဝါတားမြစ်

မန်ယူသို့မပြောင်းရန် ရှဝိန်းစတိုင်ဂါကို ဘက်ကင်ဘောင်ဝါတားမြစ်

ဇွန် ၁၉၊ မြူးနစ်။ ။ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားဟောင်း ဘက်ကင်ဘောင်ဝါက ရှဝိန်းစတိုင်ဂါကို မန်ယူအသင်းသို့ ပြောင်းရွှေ့ခြင်းမပြုရန် တားမြစ်လိုက်သည်။

ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့ပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းနှင့် သတင်းများထွက်နေသူဖြစ်သည်။

သို့သော်လည်း အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါအတွက် မအောင်မြင်သည့်အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်းနှင့် ကစားသမားဘဝအဆုံးသတ်ခါနီးတွင် အင်္ဂလန်ဘောလုံးကစားဟန်နှင့် အဆင်ပြေအောင်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း ဘတ်ကင်ဘောင်ဝါ က ယူဆနေသည်။

"သူ့အသက်အရွယ်အရ တခြားဥရောပလိဂ်တစ်ခုမှာ အဆင်ပြေဖို့ခက်ပါတယ်။ သူဟာနှစ်ပေါင်းများစွာ သူ့ခန္ဓာကိုယ်ကို အားသွန်ခွန်စိုက်ခိုင်း ကစားခဲ့ပြီးပါပြီ။ အဲဒါက ခံနိုင်ရည်တွေကိုလျော့ပါးစေပါတယ်။ သူ့အနေနဲ့ ကစားသမားဘဝကို  အမေရိကန်မှာပဲ အဆုံးသတ်သင့်ပါတယ်။ ကျွန်တော်သာသူ့နေရာမှာဆိုရင် ဘိုင်ယန်မြူးနစ်မှာ တစ်နှစ်၊ နှစ်နှစ်လောက် ဆက်နေမှာပါ။ အဲဒီအချိန်လောက်ထိကို သူအမြင့်ဆုံးစွမ်းဆောင်နိုင်ဦးမှာပါ"ဟု ဘက်ကင်ဘောင်ဝါက ဒေးလီးမယ်ရာသို့ ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly