ဟန်နိုဗာတိုက်စစ်မှူး ဂျိုဆီလူကို စတုခ်စီးတီးခေါ်ယူ

ဟန်နိုဗာတိုက်စစ်မှူး ဂျိုဆီလူကို စတုခ်စီးတီးခေါ်ယူ

အင်္ဂလန်၊ ဇွန် ၁၇။ ။ စတုခ်စီးတီးအသင်းသည် ဟန်နိုဗာအသင်းမှ တိုက်စစ်မှူး ဂျိုဆီလူကို ပြောင်းရွှေ့ကြေး ယူရို ၈ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂျိုစီလူသည် ဘွန်ဒက်စ်လီဂါသို့ ပြောင်းရွှေ့မကစားမီ ရီးယဲလ်လူငယ်အသင်းတွင် ကစားခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် ဂျိုစီလူသည် ကာကစ်နှင့် မူနီဆာတို့ ပြီးနောက်တွင် စတုခ်စီးတီးသို့ ရောက်ရှိလာသည့် တတိယမြောက် စပိန်ကစားသမား ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ရာသီက ဂျိုစီလူသည် ဟန်နိုဗာအသင်းအတွက် ပွဲ ၃၀ ကစားခဲ့ပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့ကာ လေးဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ၎င်း၏ ပြောင်းရွှေ့ကြေးနှင့် လစာငွေနှစ်ခုပေါင်းမှာ စုစုပေါင်း ယူရို ၁၀ သန်းခန့်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

စတုခ်စီးတီးအသင်းသည် ဂိုးသမား ဟက်ဂက်ကို ခေါ်ယူထားပြီး ဖြစ်တာကြောင့် ဂျိုစီလူသည် ရာသီသစ်ပြင်ဆင်မှုအတွက် ဒုတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

ဂျိုစီလူသည် စတုခ်စီးတီးအသင်းတွင် ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly