ကစားသမားဟောင်း ဒယ်လိုဖူကို အဲဗာတန်အသင်း ပေါင်သုံးသန်းဖြင့် ခေါ်ယူ

ကစားသမားဟောင်း ဒယ်လိုဖူကို အဲဗာတန်အသင်း ပေါင်သုံးသန်းဖြင့် ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၁၄။ ။ အဲဗာတန်အသင်းသည် အသင်းတွင် ကစားသွားခဲ့ဖူးသည့် စပိန်လူငယ်ကွင်းလယ်ကစားသမား ဒယ်လိုဖူကို ပေါင်သုံးသန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

ဘာစီလိုနာအသင်းမှ ဒယ်လိုဖူသည် ၂၀၁၃-၁၄ ရာသီက အဲဗာတန်အသင်းတွင် အငှားလာရောက်ကစားခဲ့ပြီး ပွဲ ၃၀ ပါဝင်ကစားခဲ့ကာ လေးဂိုးသွင်းယူ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ဆီဗီလာအသင်းထံသို့ ထပ်မံ အငှားချခြင်း ခံခဲ့ရသည်။ သို့သော် ဒယ်လိုဖူသည် ဆီဗီလာအသင်းတွင် အောင်မြင်မှု မရရှိခဲ့ပေ။

အဲဗာတန်အသင်းသည် ဒယ်လိုဖူကို ခေါ်ယူနိုင်ရန်အတွက် အခြားပရီးမီးယားလိဂ်အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ မန်ယူကွင်းလယ်ကစားသမား တွန်ကလီဗာလေးပြီးနောက် ဒယ်လိုဖူသည် ယခုရာသီတွင် အဲဗာတန်အသင်း၏ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly