အဲဗာတန်နောက်ခံလူ ဂျွန်စတုံးကိုခေါ်ယူရန် မန်ယူမျက်စိကျနေ

အဲဗာတန်နောက်ခံလူ ဂျွန်စတုံးကိုခေါ်ယူရန် မန်ယူမျက်စိကျနေ

ဇွန် ၁၄၊ မန်ချက်စတာ။ ။ နည်းပြဖြစ်သူ ဗန်ဟားလ်က နောက်တန်းအင်အားဖြည့်တင်းလိုနေသော မန်ယူအသင်းသည် အဲဗာတန်မှလူငယ်ကြယ်ပွင့် ဂျွန်စတုံးကို နွေရာ သီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန် မျက်စိကျနေသည်။

ဂျွန်စတုန်းသည် လွန်ခဲ့သည့်နှစ်ရာသီအတွင်း အဲဗာတန်အသင်းနှင့်ပွဲထွက်ကစားပြီး အရည်အသွေးရှိအင်္ဂလန်လူငယ်ခြေတက်တစ်ဦးဖြစ်လာအောင် ကြိုးစားနိုင်ခဲ့သူဖြစ်သည်။

သို့ဖြစ်ရာ မန်ယူနည်းပြ ဗန်ဟားလ်သည် ဗီဒစ်နှင့်ဖာဒီနန်တို့ထွက်ခွာသွားကတည်းက ပုံစံကောင်းပြန်လည်ရရှိအောင် တည်ဆောက်နိုင်ခြင်း မရှိသေးသည့် မန်ယူခံစစ်ကို ဖြည့်ဆည်းရန် အင်္ဂလန်လက်ရွေးစင် ဂျွန်စတုန်းကို မျက်စိကျလာခဲ့ခြင်းဖြစ်သည်။

ခံစစ်အတွင်းလူ၊ ညာနောက်ခံလူ စသည့်နေရာများတွင်ကစားနိုင်သည့် အသက် ၂၁ နှစ်အရွယ်ဂျွန်စတုန်းသည် လက်ရှိတွင် အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ယူရိုချန်ပီယံရှစ်အတွက် ကစားပေးနေသူဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင်အဆင့် ၁၁ ရခဲ့သည့် အဲဗာတန်အသင်းတွင် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပေးခဲ့သည်။ ယင်းနောက်ခံလူသည် ပြီးခဲ့သည့် သြဂုတ်ကမှ တစ်ပတ်လစာ ပေါင်သုံးသောင်းဝန်းကျင်ဖြင့် အဲဗာတန်နှင့် ၂၀၁၉ အထိ ငါးနှစ်သက်တမ်းတိုးထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly