မန်စီးတီးနှင့်သတင်းထွက်နေသော်လည်း အာဆင်နယ်တွင်သာဆက်နေလိုဟု ဝီလ်ရှီးယားဖွင့်ဟ

မန်စီးတီးနှင့်သတင်းထွက်နေသော်လည်း အာဆင်နယ်တွင်သာဆက်နေလိုဟု ဝီလ်ရှီးယားဖွင့်ဟ

ဇွန် ၁၃၊ လန်ဒန်။ ။ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးအသင်းက ဆက်သွယ်နေသည်ဟု သတင်းထွက်နေသော်လည်း အာဆင်နယ်မှထွက်ခွာရန် ဆန္ဒမရှိဟု ကွင်းလယ်ကစားသမား ဝီလ်ရှီးယားက ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ဒုတိယဆုရ မန်စီးတီးအသင်းသည် ဂျိမ်းစ်မီလ်နာနှင့် လမ်းပတ်တို့ကို ထွက်ခွာခွင့်ပြုရပြီးနောက် ဗြိတိန်ကစားသမားထားရှိရ မည့် သတ်မှတ်ချက်ပြည့်မီရန် ဗြိတိန်ကစားသမားများကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

"ကျွန်တော်က ငယ်မွေးခြံပေါက်ကစားသမားဖြစ်လို့ ဘယ်ကိုမှမသွားလိုပါဘူး။ ကျွန်တော့်ကိုကလပ်အသင်းတစ်သင်းက အလိုရှိစေချင်ပါ တယ်။ အဲဒီအသင်းကတော့ အာဆင်နယ်ပါပဲ"ဟု အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် ဝီလ်ရှီးယားက ပြောသည်။

ဝီလ်ရှီးယားသည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ခြောက်လခန့်အနားယူခဲ့ရသဖြင့် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ကိုး ပွဲသာ ကစားပေးနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် အင်္ဂလန်ကစားသမားများဖြစ်သည့် မီလ်နာကို လီဗာပူးလ်အသင်းသို့လည်းကောင်း၊ လမ်းပတ်ကို နယူးယော့ခ်စီးတီး သို့လည်းကောင်း ထွက်ခွာခွင့်ပြုပြီးနောက် ဗြိတိန်ကစားသမားများဖြင့် ပြန်လည်အားဖြည့်လိုသော်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး က ဝီလ်ရှီးယားကို ရောင်းချလိုစိတ်မရှိဟု ပြောထားသည်။

ဝီလ်ရှီးယားကလည်း အာဆင်နယ်တွင်ကြီးပျင်းလာခြင်းဖြစ်၍ အသင်းတွင်သာ တတ်နိုင်သမျှကာလရှည်ဆက်ကစားလိုကြောင်း၊ ယခင်ခြေ စွမ်းမျိုးပြန်ရအောင် ဘာစီလိုနာမှ မက်ဆီ၊ အင်နီယေစတာတို့ကို ကြည့်ပြီး သင်ယူလေ့လာလိုကြောင်း ပြောသည်။

Ref : Dailymail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly