လာလီဂါ လအလိုက်အကောင်းဆုံးဆုကို မက်ဆီအပါအဝင် ဘာစီလိုနာကစားသမားများ တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိ

လာလီဂါ လအလိုက်အကောင်းဆုံးဆုကို မက်ဆီအပါအဝင် ဘာစီလိုနာကစားသမားများ တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိ

စပိန်၊ ဇွန် ၁၀။ ။ ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းသည် စံချိန်တင်ဆုဖလားသုံးလုံး ရယူနိုင်ခဲ့သော်လည်း မက်ဆီအပါဝင် ဘာစီလိုနာကစာသမားအားလုံးမှာ လာလီဂါလအလိုက်အကောင်းဆုံးဘောလုံးသမားဆုကို တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီသည် ရာသီတိုင်းတွင် ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်သော်လည်း အံ့အားသင့်ဖွယ်ရာအဖြစ် လာလီဂါလအလိုက် အကောင်းဆုံးဆုနှင့် လွဲချော်လျက်ရှိသည်။

ထိုဆုကို ပြီးခဲ့သည့်ရာသီကမှ စတင်ပေးအပ်ခြင်း ဖြစ်သော်လည်း မက်ဆီနှင့် ဘာစီလိုနာကစားသမားများမှာ တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။ လက်ရှိဘာစီလိုနာကစားသမားများထဲမှ ထိုဆုကို ရရှိဖူးသူအဖြစ် ရာကီတစ်တစ်ဦးသာ ရှိသော်လည်း ၎င်းသည် ဆီဗီလာကစားသမားဘဝက ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို၊ အက်သလက်နောက်ခံလူ ဂိုဒင်၊ ဆိုစီဒက်တိုက်စစ်မှူး ကားလို့စ်ဗီလာနှင့် အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်တို့မှာ လာလီဂါလအလိုက်အကောင်းဆုံးဆုကို နှစ်ကြိမ်စီ ဆွတ်ခူးရရှိထားကြသည်။

အသင်းလိုက်အနေဖြင့် အက်သလက်အသင်းက ခြောက်ကြိမ်၊ ရီးယဲလ်အသင်းက သုံးကြိမ်၊ ဆိုစီဒက်၊ ဆီဗီလာ၊ ဆယ်လ်တာဗီဂိုတို့က နှစ်ကြိမ်စီနှင့် ဗီလာရီးယဲလ်၊ လီဗန်တေး၊ ဗယ်လ်ကာနိုတို့က တစ်ကြိမ်စီ ရရှိခဲ့ကြသည်။

မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လက ၉ ဂိုးအထိသွင်းယူနိုင်ခဲ့သော်လည်း ထိုလတွင် လီဗန်တေးဂိုးသမား ကေလာနာဗက်ဇ်က ရရှိသွားခဲ့သည်။

လာလီဂါလအလိုက် အကောင်းဆုံးဆု ရခဲ့သူများ
--------------------------------------------------
၂၀၁၃၊ စက်တင်ဘာ၊ ဒီယေဂိုကော်စတာ(အက်သလက်)
၂၀၁၃၊ အောက်တိုဘာ၊ ကိုကီ(အက်သလက်)
၂၀၁၃၊ နိုဝင်ဘာ၊ စီရော်နယ်ဒို(ရီးယဲလ်)
၂၀၁၃၊ ဒီဇင်ဘာ၊ ကားလို့စ်ဗီလာ(ဆိုစီဒက်)
၂၀၁၄၊ ဇန်နဝါရီ၊ ရာကီတစ်(ဆီဗီလာ)
၂၀၁၄၊ ဖေဖော်ဝါရီ၊ ရာဖင်ဟာ(ဆယ်လ်တာဗီဂို)
၂၀၁၄၊ မတ်၊ နာဗက်ဇ်(လီဗန်တေး)
၂၀၁၄၊ ဧပြီ၊ ဂိုဒင်(အက်သလက်)
၂၀၁၄၊ မေ၊ ဂိုဒင်(အက်သလက်)
၂၀၁၄၊ စက်တင်ဘာ၊ နိုလီတို(ဆယ်လ်တာဗီဂို)
၂၀၁၄၊ အောက်တိုဘာ၊ ဘန်ဇီမာ(ရီးယဲလ်)
၂၀၁၄၊ နိုဝင်ဘာ၊ ကားလို့စ်ဗီလာ(ဆိုစီဒက်)
၂၀၁၄၊ ဒီဇင်ဘာ၊ ဗီယက်တို(ဗီလာရီ်းယဲလ်)
၂၀၁၅၊ ဇန်နဝါရီ၊ ဂရစ်ဇ်မန်(အက်သလက်)
၂၀၁၅၊ ဖေဖော်ဝါရီ၊ ဘူနို(ဗယ်လ်ကာနို)
၂၀၁၅၊ မတ်၊ ဗီတိုလို(ဆီဗီလာ)
၂၀၁၅၊ ဧပြီ၊ ဂရစ်ဇ်မန်(အက်သလက်)
၂၀၁၅၊ မေ၊ စီရော်နယ်ဒို(ရီးယဲလ်)

ရည်ညွှန်း 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly