ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ခီဒီယာကို ဂျူဗင်တပ်ခေါ်ယူ

ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ခီဒီယာကို ဂျူဗင်တပ်ခေါ်ယူ

ဇွန် ၁၀၊ တူရင်။ ။ ရီးယဲလ်မက်ဒရစ်အသင်း၏ ဂျာမနီကွင်းလယ်ကစားသမား ခီဒီယာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီဟု စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းက အင်္ဂါနေ့တွင် ကြေညာသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ခီဒီယာသည် ချန်ပီယံလိဂ်ဒုတိယရ ဂျူဗင်တပ်အသင်းနှင့် လေးနှစ်စာချုပ်လိုက်ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် တူရင် မြို့အခြေစိုက် ဂျူဗင်တပ်အသင်းထံရောက်ရှိလာမည်ဖြစ်သည်။

ခီဒီယာသည် ရီးယဲလ်မက်ဒရစ်တွင်ကစားခဲ့သည့် ငါးနှစ်တာကာလအတွင်း လာလီဂါဖလားတစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားနှစ်ကြိမ်နှင့် ပြီးခဲ့ သည့်နှစ် ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရရှိခဲ့သည်။

ယင်းကွင်းလယ်ကစားသမားသည် ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၅၄ ပွဲကစားပြီး ငါးဂိုးသွင်းထားကာ ပြီးခဲ့သည့် ကမ္ဘာ့ဖလားချန်ပီ ယံဂျာမနီအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်ဗိုလ်လုပွဲမတိုင်မီ သွေးပူလုပ်ရာတွင်ဒဏ်ရာရခဲ့၍ ဗိုလ်လုပွဲနှင့်လွဲခဲ့ရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း ဒဏ်ရာများကြောင့်ရုန်းကန်ခဲ့ရပြီး ၁၇ ပွဲသာကစားခဲ့ရသည်။ ၎င်းကို မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ် တို့ကလည်း စိတ်ဝင်စားခဲ့သော်လည်း ဂျူဗင်တပ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly