အယ်လ်ဘာနှင့် ပက်ဒရိုတို့ကို ဘာစီလိုနာအသင်း စာချုပ်သစ် ချုပ်ဆို

အယ်လ်ဘာနှင့် ပက်ဒရိုတို့ကို ဘာစီလိုနာအသင်း စာချုပ်သစ် ချုပ်ဆို

စပိန်၊ ဇွန် ၉။ ။ ဘာစီလိုနာအသင်းသည် အသင်းအတွက် အားထားရသော နောက်ခံလူ ဂျော်ဒီအယ်လ်ဘာနှင့် တောင်ပံတိုက်စစ်ကစားသမား ပက်ဒရိုတို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ထိုကစားသမားနှစ်ဦးနှင့် ပြီးခဲ့သည့် အပတ်က သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုတစ်ပတ်တွင် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အယ်လ်ဘာကို ဘာစီလိုနာအသင်းက ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်းကို အခြားအသင်းများက ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရို သန်း ၁၅၀ ပေးချေရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။ စာချုပ်သစ်ကြောင့် အယ်လ်ဘာသည် ၂၀၂၀ ခုနှစ်အထိ ဘာစီလိုနာတွင် ဆက်လက်ရှိနေမည် ဖြစ်သည်။

ပက်ဒရိုမှာမူ ၂၀၁၉ ခုနှစ်အထိ လေးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ခေါ်ယူလိုပါက အယ်လ်ဘာကဲ့သို့ပင် လျော်ကြေးငွေ ယူရိုသန်း ၁၅၀ ပေးချေရမည် ဖြစ်သည်။

ပက်ဒရိုကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာစီလိုနာအသင်းနှင့်သာ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly