နည်းပြမွန်တဲလားကို ဖီအိုရင်တီးနားအသင်း ရာထူးမှ ထုတ်ပယ်

နည်းပြမွန်တဲလားကို ဖီအိုရင်တီးနားအသင်း ရာထူးမှ ထုတ်ပယ်

အီတလီ၊ ဇွန် ၉ ။ ။ နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဖီအိုရင်တီးနားအသင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။ မွန်တဲလား၏ လက်ရှိစာချုပ်မှာ ၂ နှစ်ကျန်ရှိနေသေးသော်လည်း လေးစားမှုကင်းမဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖီအိုရင်တီးနားအာဏာပိုင်များက ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

မွန်တဲလားသည် ဖီအိုရင်တီးနားအသင်းကို အဆင့် ၄ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အေစီမီလန်အသင်းနှင့် နာပိုလီအသင်းတို့နှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဖီအိုရင်တီးနားအသင်းက မွန်တဲလားသည် ၎င်းလုပ်ကိုင်ဆောင်ရွက်မည်ဟု ကတိပေးထားသည့် ကိစ္စရပ်များအပေါ် လေးစားမှု မရှိဘဲ ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

'ဖီအိုရင်တီးနားအသင်းအနေနဲ့ နည်းပြထံကနေပြီး ဒီထက် ပိုမိုရှင်းလင်းပြတ်သားတဲ့ အပြုအမှုမျိုး မျှော်လင့်ခဲ့တာပါ။ ဒီထက်ပိုတဲ့ လေးစားမှုနဲ့ ဒွိဟ ဖြစ်စေမှုအပြုအမူမျိုး မလုပ်ကိုင်ဖို့ မျှော်လင့်ထားတာပါ' ဟု ဖီအိုရင်တီးနားအသင်း၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိခဲ့သည်။

မွန်တဲလားသည် ဖီအိုရင်တီးနားအသင်းကို ၂၀၁၂ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး သုံးနှစ်ဆက်တိုက် အဆင့်လေးနေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ဖီအိုရင်တီးနားအသင်းသည် လာမည့်ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly