အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိသည့် ပထမဆုံးအသင်းဖြစ်လာသော မန်ယူ

အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိသည့် ပထမဆုံးအသင်းဖြစ်လာသော မန်ယူ

အင်္ဂလန်၊ ဇွန် ၉။ ။ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းသည် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဘောလုံးလောကတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိသည့် ပထမဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီနှစ်ခုက ဆုဖလားတစ်လုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့သော်လည်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးကလပ်အသင်း ၅၀ တွင် ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ လက်ရှိတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ (ပေါင် ၇၈၇ ဒသမ ၅ သန်း) ကျော် ရှိနေပြီ ဖြစ်သည်။ ဒုတိယနေရာမှ ဘိုင်ယန်မြူးနစ်အသင်းထက် ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ပို၍ တန်ဖိုးကြီးလျက်ရှိသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက အဆင့် ၃ တွင်သာ ရပ်တည်ခဲ့ပြီး ယခုရာသီတွင် အဆင့် ၁ ကို ရောက်ရှိလာခဲ့သည်။ များပြားလှသည့် ရုပ်သံစာချုပ်သစ်ကြောင့် ပရီးမီးယားလိဂ်အသင်းအများအပြားမှာ တန်ဖိုးတက်လာခဲ့ကြသည်။

တန်ဖိုးအကြီးဆုံးဆယ်သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ စပါး ခြောက်သင်းအထိပါဝင်ခဲ့သည်။ ပရီးမီးယားလိဂ်အသင်း ၂၀ တွင် တန်းဆင်းသွားခဲ့သည့် ဟားလ်စီးတီး၊ ဘန်လေနှင့် ကျူပီအာတို့မှ လွဲ၍ ကျန် ၁၇ သင်းမှာ ထိပ်သီး ၅၀ စာရင်းတွင် ပါဝင်ခဲ့သည်။

ချန်ပီယံလိဂ်တွင် ဗိုလ်စွဲပြီး ဆုဖလားသုံးလုံးအထိရယူနိုင်ခဲ့သည့် ဘာစီလိုနာအသင်းမှာ အဆင့် ၆ နေရာတွင်သာ ရပ်တည် နိုင်ခဲ့ပြီး ချန်ပီယံလိဂ်တွင် ဒုတိယရခဲ့သည့် ဂျူဗင်တပ်စ်အသင်းမှာ အဆင့် ၁၁ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကထက် တန်ဖိုးအများဆုံးတက်လာသည့်အသင်းမှာ ဆောက်သမ်တန်အသင်းဖြစ်ပြီး အဆင့် ၃၀ နေရာမှ အဆင့် ၁၈ နေရာသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏ တိုးတက်လာမှုရာခိုင်နှုန်းမှာ ၈၉ ရာခိုင်နှုန်း ဖြစ်သည်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ထိပ်သီး ၁၀ သင်း
----------------------------------------
အသင်း             တန်ဖိုး(ကန်ဒေါ်လာ)

၁။ မန်ယူ               ၁၂၀၆
၂။ ဘိုင်ယန်မြူးနစ်     ၉၃၃
၃။ ရီးယဲလ်             ၈၇၃
၄။ မန်စီးတီး            ၈၀၀
၅။ ချယ်လ်ဆီး         ၇၉၅
၆။ ဘာစီလိုနာ        ၇၇၃
၇။ အာဆင်နယ်      ၇၀၃
၈။ လီဗာပူးလ်        ၅၇၇
၉။ ပီအက်စ်ဂျီ         ၅၄၁
၁၀။ စပါး              ၃၆၀

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly