ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုသည်ဟု ဒီဂီယာတောင်းဆို

ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုသည်ဟု ဒီဂီယာတောင်းဆို

ဇွန် ၈၊ မက်ဒရစ်။ ။ ဂိုးသမားဒေးဗစ်ဒီဂီယာသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့လိုသည်ဟု မန်ယူအသင်းထံအကြောင်းကြားထားကြောင်း ဂိုးလ်ဒေါ့ကွန်းက ဖော်ပြလိုက်သည်။

လက်ရှိအချိန်တွင် မန်ယူအသင်းအနေဖြင့် ဒီဂီယာကိုရောင်းချမည်လား သို့မဟုတ် လက်ကျန်စာချုပ်သက်တမ်းတစ်နှစ် ပြည့်အောင် အသင်းတွင်ဆက်ထားပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပြုရမည်လားဆိုသည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

ဒီဂီယာအတွက် ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်တွင်အကြီးဆုံးကလပ်ဆိုသည့်အချက်ကဆွဲဆောင်နေသည့်အပြင် ပရီးမီးယားလိဂ်ကို စွန့် ခွာရန် ချစ်သူ အက်ဒါနီ၏အခန်းကဏ္ဍကလည်း အရေးပါနေသည်။

မန်ယူအသင်းသည် နည်းပြသစ်ဗန်ဟားလ်ရောက်ရှိမလာမီ ပြီးခဲ့သည့်နှစ်နွေရာသီအပြောင်းအရွှေ့ကာလကတည်းက စာချုပ်သက်တမ်းတိုး ရန်ကြိုးပမ်းခဲ့ပြီး ဗန်ဟားလ်ရောက်လာသည့်အခါတွင်လည်း ဦးစားပေးကစားသမားစာရင်း၌ပါဝင်နေသဖြင့် စာချုပ်သစ်အတွက် ကမ်းလှမ်းမှု များ ပြုလုပ်ခဲ့သည်။

ဒီဂီယာ၏အကြံပေးများက ဂိုးသမားအနေဖြင့် ရီးယဲလ်မက်ဒရစ်သို့မပြောင်းမီ လက်စွမ်းဆက်လက်တိုးတက်နိုင်သည့် ပရီးမီးယားလိဂ်တွင် နှစ်နှစ်ခန့်ဆက်ကစားရန် အကြံပြုမှုများရှိမည်ဟု ယူဆရသော်လည်း စီရော်နယ်ဒို၊ နစ္စတယ်ရွိုင်း၊ ဟိန့်ဇ်၊ ဘက်ခမ်းတို့ကဲ့သို့ အိုးထရက်ဖို့ဒ်မှ ဘာနေဗျူးသို့ ပြောင်းခွင့်ရမည့်အခွင့်အရေးက ဒီဂီယာအတွက် လက်မလွှတ်နိုင်အောင် ဖြစ်နေသည်။

ဂိုးသမားတစ်ဦးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် ၁၇ ဒသမ ၈ သန်းဖြင့် ၂၀၁၁ တွင် အက်သလက်တီကိုမှပြောင်းရွှေ့ လာခဲ့သော ဒီဂီယာသည် ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ နှစ်ရာသီဆက် မန်ယူအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်ရခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားအစည်းအရုံး၏ တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း နှစ်ကြိမ်ရွေးချယ်ခံ ခဲ့ရသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly