ဆောက်သမ်တန်ကစားသမားတွေရဲ့ ကမ္ဘာ့စံချိန်တင် အချိန်ကြာဆုံး ဘောလုံးပွဲ

ဆောက်သမ်တန်ကစားသမားတွေရဲ့ ကမ္ဘာ့စံချိန်တင် အချိန်ကြာဆုံး ဘောလုံးပွဲ

အင်္ဂလန်၊ ဇွန် ၆။ ။ ဆောက်သမ်တန်ဘောလုံးသမားတွေဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ဘောလုံးပြိုင်ပွဲတစ်ပွဲကို ဆောက်သမ်တန်အသင်းပိုင်ကွင်း St Mary's Stadium မှာကစားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့ည ၀၆း၃၀ ကနေ စတင်ပြီး သောကြာနေ့ နံနက် ၀၀း၃၀ အထိကစားခဲ့ကြတာ ဖြစ်ပါတယ်။

ကစားသမားပေါင်း ၃၆ ဦးဟာ ၁၀၂ နာရီကြာ(လေးရက်နဲ့ ခြောက်နာရီ) ကစားခဲ့ကြတာပါ။ ဒီပြိုင်ပွဲမှာ ပွဲကစားနေစဉ်အတွင်း မိုးရွာတာနဲ့ ကြုံလို့ ဒုက္ခရောက်ခဲ့ကြရပါသေးတယ်။
တစ်သင်းမှာ ကစားသမား ၁၈ ဦးပါဝင်ပြီး ၁၁ ဦးက ပွဲထွက် ကစားပါတယ်။ ကစားသမားတွေကို အလှည့်ကျ တစ်နာရီအနားပေးပြီး အနားရတဲ့ အချိန်မှာ အစာစားတာ၊ အိပ်တာနဲ့ ပြုစုကုသမှု ခံယူတာတွေ လုပ်ကြရပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းပေါင်းသွင်းဂိုးက ဂိုးပေါင်း ၁၆၀၀ အထိရှိခဲ့ပါတယ်။ အနီအသင်းက အဖြူအသင်းကို ၉၁၀ ဂိုး ၇၂၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကတော့ ဆောက်သမ်တန်မြို့မှာ အခြေစိုက်တဲ့ Testlands Support Project အတွက် ရန်ပုံငွေ ရရှိစေဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဆောက်သမ်တန်မှာ ရှိနေတဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အားကစားနဲ့ လူမှုဆက်ဆံရေးတွေမှာ တိုးတက်လာစေဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ အမှန်တကယ်အကူအညီလိုပြီး ကူညီဖို့ထိုက်တန်တဲ့ ကလေးငယ်တွေကို ကူညီနေတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကနေ ရန်ပုံငွေ ပေါင် ၂ သောင်းနဲ့ ၂ သောင်းခွဲနီးပါးလောက် ရရှိခဲ့ပါတယ်။

အရင်က အချိန်အကြာဆုံး စံချိန်တင်ထားတဲ့ပွဲက စတော့ပေါ့အယ်လ်ဘီယွန်နဲ့ မန်ချက်စတာရိုဗာအသင်းတို့ရဲ့ပွဲဖြစ်ပါတယ်။ ၇၂ နာရီကြာမြင့်ခဲ့တဲ့ ဒီပွဲကို မန်ချက်စတာမြို့၊ စထရက်ဖို့ဒ်အထက်တန်းကျောင်းမှာ ကစားခဲ့တာပါ။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly