၂၀၁၅ ဂျာမနီဘောလုံးအဖွဲ့ချုပ် သံတမန်ဆုကို အိုဇေးလ်ရရှိ

၂၀၁၅ ဂျာမနီဘောလုံးအဖွဲ့ချုပ် သံတမန်ဆုကို အိုဇေးလ်ရရှိ

ဂျာမနီ၊ ဇွန် ၆။ ။ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ပရိသတ်များမှ ရွေးချယ်ပေးအပ်သော ၂၀၁၅ ဂျာမနီဘောလုံးအဖွဲ့ချုပ်သံတမန်ဆုကို ရရှိသွားခဲ့သည်။

အာဆင်နယ်အသင်းနှင့်အတူ အက်ဖ်အေဖလားရရှိခဲ့ပြီးနောက် အိုဇေးလ်က ၎င်းရရှိသော ဆုကြေးငွေများကို အာဖရိကတိုက်ရှိ မီးဘေးသင့်ပြည်သူများအား လှူဒါန်းသွားမည်ဟု ပြောဆိုခဲ့သည်။ အိုဇေးလ်သည် ယခင်ကလည်း ယခုကဲ့သို့ လှူဒါန်းမှု များစွာကို ပြုလုပ်ခဲ့သူ ဖြစ်သည်။

၂၀၁၅ ဂျာမနီဘောလုံးအဖွဲ့ချုပ်သံတမန်ဆုကို ရရှိသည့်အတွက် အိုဇေးလ်မှာ အလွန်ဝမ်းမြောက်လျက်ရှိသည်။ 'ကြီးကျယ်ခမ်းနားတဲ့ ဒီဆုကို ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေက ရွေးချယ်ပေးအပ်တာဖြစ်လို့ ဒီဆုက ကျွန်တော့်အတွက် အများကြီးအဓိပ္ပါယ်ရှိပြီး ထူးခြားပါတယ်။ အလွန်ဂုဏ်ယူစွာနဲ့ ဒီဆုကို လက်ခံရယူနိုင်ပါပြီ။

လူအများစုဟာ ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ခွင့် မရကြပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရှင်းရှင်းလေးပါပဲ။ သူတို့ရဲ့ဘဝတွေကို ဒီထက်ပိုမိုကောင်းမွန်လာစေဖို့ပါ။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဖြစ်ပါတယ်' ဟု အိုဇေးလ်က ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly