စီရော်နယ်ဒိုနဲ့ ဇာတ်လမ်းကို ဖွင့်ချလိုက်တဲ့ ချီလီ ပလေးဘွိုင်းမော်ဒယ်

စီရော်နယ်ဒိုနဲ့ ဇာတ်လမ်းကို ဖွင့်ချလိုက်တဲ့ ချီလီ ပလေးဘွိုင်းမော်ဒယ်

မက္ကဆီကို၊ ဇွန် ၄။ ။ ဒန်နီလာချာဗက်ဇ်လို့ အမည်ရတဲ့ ချီလီပလေးဘွိုင်းမော်ဒယ်ဟာ မက္ကဆီကန်အညှီအဟောက်သတင်းစာ Reforma နဲ့ အင်တာဗျူးအစီအစဉ်မှာ သူမနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကြား ဇာတ်လမ်းတွေ ရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ခရစ္စတီယာနိုနဲ့ အီရီနာရှက်ခ်တို့ တွဲနေစဉ်ကာလအတွင်းမှာပဲ သူမတို့ကြားမှာ ဇာတ်လမ်းတွေဖြစ်ခဲ့တာလို့ ဒန်နီလာက ဆိုထားပါတယ်။

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရုရှမော်ဒယ်အီရီနာရှက်ခ်နဲ့ ကွဲခဲ့ပြီးနောက်ပိုင်းမှာ ဘယ်သူနဲ့မှ ထပ်မတွဲသေးဘဲ ဟိုမော်ဒယ်လိုလို၊ ဒီမင်သမီးလိုလိုနဲ့သာ နာမည်အမျိုးမျိုးထွက်နေခဲ့ပါတယ်။ အီရီနာရှက်ခ်ကတော့ ဟောလီးဝုဒ်စတား ဘရက်ဒလေနဲ့ လူသိရှင်ကြားတွဲနေခဲ့ပါတယ်။

အီရီနာရှက်ခ်က စီရော်နယ်ဒိုဟာ သူမ မသိအောင် မိန်းမတစ်ဒါဇင်လောက်နဲ့ စာအသွားအပြန်တွေ ပြုလုပ်ထားတာကြောင့် အကွဲအပြဲတွေဖြစ်ခဲ့ရတာပါလို့ The Sun သတင်းစာမှာ မကြာသေးခင်ကဘဲ ဖွင့်ဟခဲ့ပါတယ်။

ဒန်နီလာချာဗက်ဇ်ဟာ ထိုမိန်းမတွေထဲက တစ်ယောက်လို့ ထိုသတင်းစာက ဆိုခဲ့ပြီး ခရစ္စတီယာနိုနဲ့ ဇာတ်လမ်းကို ဒန်နီလာက ဒီလိုဖွင့်ဟ ခဲ့ပါတယ်။

'၂၀၁၄ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန်နိုင်ငံမှာ ကျွန်မနဲ့ ခရစ္စတီယာနိုတို့ တွေ့ခဲ့ကြတာပါ။ အဲ့ဒီမတိုင်ခင်မှာ ကျွန်မတို့ အီးမေးလ်နဲ့ skype တို့ကနေ စကားတွေ ပြောခဲ့ပြီးပါပြီ။ ကျွန်မက အလုပ်နဲ့သွားတာပါ။ သူက နှစ်ယောက်တည်းနေ့ရက်တွေကို ဖြတ်သန်းဖို့ ပြောခဲ့ပါတယ်။

ပထမဆုံးတွေ့တဲ့အချိန်မှာ စီရော်နယ်ဒိုက အလွန်ရှက်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူပြန်ထိန်းခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံ့နေခဲ့တာတောင်မှ ယောင်္ကျားပီပီသသနဲ့ တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်ခဲ့ပါတယ်။ သူကျွန်မကို ချစ်ပါတယ်။ ဒါပေမဲ့ ဒါကို ဖွင့်ဟမပြခဲ့ပါဘူး။

ကျွန်မကလည်း သူ့ရဲ့ ခန္ဓာကိုယ်အနေအထားကိုနှစ်သက်ပါတယ်။ ကျွန်မတို့ရဲ့ ကာမဆက်ဆံလိုမှုကို ဖြည့်ဆည်းပေးချင်ပါတယ်။

စီရော်နယ်ဒိုဟာ ကျွန်မရဲ့ မျက်နှာနဲ့ ရင်သားတွေကို သဘောကျပါတယ်။ အချက်အလက်တွေအရတော့ သူဟာ ပလေးဘွိုင်းမော်ဒယ်တစ်ယောက်နဲ့ မအိပ်ခဲ့ဖူးပါဘူး' လို့ Reforma သတင်းစာနဲ့ အင်တာဗျူးမှာ ဒန်နီလာက ဖြေကြားခဲ့ပါတယ်။

Ref : 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly