ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်ခွင့်ရရန် တူရင်မှ ဘာလင်သို့ ခြေလျင်ခရီးနှင်ခဲ့သည့် ဂျူဗင်တပ်စ်ပရိသတ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်ခွင့်ရရန် တူရင်မှ ဘာလင်သို့ ခြေလျင်ခရီးနှင်ခဲ့သည့် ဂျူဗင်တပ်စ်ပရိသတ်

တူရင်၊ ဇွန် ၄။ ။ နီကိုလာဒီမာချီဟု အမည်ရသည့် ဂျူဗင်တပ်စ်ပရိသတ်တစ်ဦးသည် ဘာစီလိုနာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုခွင့် ရရှိရန်အတွက် တူရင်မြို့မှ ဘာလင်မြို့သို့ ခြေလျင်ခရီးနှင်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မကစားမီ အွန်းလိုင်းစာမျက်နှာပေါ်မှနေ၍ ၎င်းတို့၏ ပရိသတ်များအား ဗိုလ်လုပွဲသို့သာ တက်ရောက်သွားခဲ့ပါက မည်ကဲ့သို့ ပြင်ဆင်ထားကြသနည်းဟု မေးမြန်းခဲ့သည်။

ထောင်ပေါင်းများစွာသော ပရိသတ်များက ဝင်ရောက် ပြောဆိုရေးသားကြသည့်အနက် နီကိုလာက ဂျူဗင်တပ်စ်ကွင်းတည်ရှိရာ တူရင်မြို့မှ ပြိုင်ပွဲကျင်းပရာဘာလင်မြို့သို့ လမ်းလျှောက်ရန် ပြင်ဆင်ထားသည်ဟု ဆိုခဲ့ပြီး ဗိုလ်လုပွဲလက်မှတ်တစ်စောင် တောင်းဆိုခဲ့သည်။

မယုံကြည်နိုင်ဖွယ်ရာအဖြစ် ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက နီကိုလာကို ထိုကဲ့သို့ ပြုလုပ်ပါက လက်မှတ်တစ်စောင်ပေးမည်ဟု အာမခံခဲ့သည်။

ထို့ကြောင့် နီကိုလာသည် ကီလိုမီတာပေါင်း ၁,၁၀၀ ကျော်(မိုင်ပေါင်း ၆၈၃ မိုင်ကျော်)ဝေးကွာသည့် ထိုခရီးစဉ်ကို မေလ ၂၈ ရက်နေ့က စတင်ခဲ့သည်။

ခရီးစဉ်၏ ဝေးကွာမှုကြောင့် ဂျူဗင်တပ်စ်အသင်းက နီကိုလာကို အချို့နေရာများတွင် စက်ဘီးစီးခွင့်နှင့် ကားစီးခွင့်အချို့ကို ခွင့်ပြုခဲ့သည်။ ယနေ့သည် နီကိုလာ၏ ဘာလင်ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်သည်။

ရည်ညွှန်း မက်ထရို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly