အသင်းပြောင်းရွှေ့လိုနေသည်ဆိုသည့် သတင်းများမှာ ကောလာဟလများဟု ကော်စတာရှင်းလင်း

အသင်းပြောင်းရွှေ့လိုနေသည်ဆိုသည့် သတင်းများမှာ ကောလာဟလများဟု ကော်စတာရှင်းလင်း

အင်္ဂလန်၊ ဇွန် ၃။ ။ ချယ်လ်ဆီးအသင်းတွင် မပျော်မရွှင် ဖြစ်နေပြီး အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့ရန် အလိုရှိနေသည် ဆိုသည့် ကောလာဟလသတင်းများမှာ မဟုတ်မှန်ကြောင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာက ရှင်းလင်းပြောဆိုလိုက်သည်။

ပထမဆုံးရာသီမှာပင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိသွင်းယူပေးခဲ့သော ကော်စတာသည် စပိန်နိုင်ငံသို့ လွမ်းဆွတ်သတိရနေသည့်အတွက် အက်သလက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။

သို့သော် ကော်စတာက ဆစ်ဒနီကလပ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ်အပြီးတွင် ထိုသတင်းများမှာ ကောလာဟလများဖြစ်ကြောင်း ချယ်လ်ဆီးတွင် ပျော်ရွှင်နေကြောင်း ပြောသည်။

'အသင်းသစ်မှာ ပထမဆုံးရာသီကတော့ ကစားသမားတိုင်းအတွက် ခက်ခဲတာပါပဲ။ ချယ်လ်ဆီးကို စွန့်ခွာသွားဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ပရိသတ်တွေက ကျွန်တော့်ကို ချစ်သလို ကျွန်တော်ကလည်း ချစ်ပါတယ်။ ဒီမှာ ဆက်ပြီး ကစားချင်ပါတယ်' ဟု ကော်စတာက ပြောသည်။

ဆစ်ဒနီနှင့် ခြေစမ်းပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့သော ကော်စတာက ထိုင်းနိုင်ငံနှင့် သြစတြေးလျနိုင်ငံများသို့ လာရောက်ရသည့် ခြေစမ်းပွဲခရီးစဉ်တွင် အတွေ့အကြုံသစ်များနှင့် ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို သိရှိရသည့်အတွက် သဘောကျနှစ်ခြိုက်လျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly