စပါးအသင်းကိုတိုက်ခိုက်သည့်သီချင်းဆိုခဲ့သော ဝီလ်ရှီးယားကြောင့် အာဆင်နယ်တောင်းပန်ရ

စပါးအသင်းကိုတိုက်ခိုက်သည့်သီချင်းဆိုခဲ့သော ဝီလ်ရှီးယားကြောင့် အာဆင်နယ်တောင်းပန်ရ

ဇွန် ၁၊ လန်ဒန်။ ။ အက်ဖ်အေဖလားအောင်ပွဲခံလှည့်လည်ပွဲတွင် လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကို ကွင်းလယ်ကစားသမား ဝီလ်ရှီးယားက တိုက်ခိုက်ပြော ဆိုခဲ့၍ အာဆင်နယ်အသင်းက ပြန်လည်တောင်းပန်ခဲ့ရသည်။

ဝီလ်ရှီးယားသည် ပြီးခဲ့သည့်နှစ်ကလည်း အက်ဖ်အေဖလားအောင်ပွဲခံလှည့်လည်ပွဲတွင် စပါးအသင်းကိုတိုက်ခိုက်သည့် သီချင်းသီဆိုခဲ့သော ကြောင့် အာဆင်နယ်အသင်း၏ သတိပေးမှုကိုခံခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း ယင်းအပြုအမူမျိုးကို ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့်စနေနေ့တွင် အက်စတွန်ဗီလာကို ၄-၀ ဂိုးဖြင့်အနိုင်ရပြီး အက်ဖ်အေဖလားကို ၁၂ ကြိမ်မြောက်ရယူနိုင်ခဲ့ရာ တနင်္ဂနွေတွင် အောင်ပွဲခံလှည့်လည်ခဲ့သည်။ ယင်းသို့လှည့်လည်ရာတွင် ဝီလ်ရှီးယားသည် စပါးအသင်းကိုတိုက်ခိုက်သည့် သီချင်းကို သီဆိုခဲ့ သဖြင့် ၎င်းထံမှမိုက်ကရိုဖုန်းဖယ်ရှားခံခဲ့ရသည့်တိုင် ဆက်လက်သီဆိုခဲ့သည်။

အာဆင်နယ်အသင်း၏ အောင်ပွဲခံလှည့်လည်ပွဲမတိုင်မီ ယင်းကွင်းလယ်ကစားသမား နိုက်ကလပ်သို့သွားခဲ့သည့် ဓါတ်ပုံများလည်း ပေါ်ထွက် လာခဲ့သည်။ ဝီလ်ရှီးယား၏အပြုအမူနှင့်ပတ်သက်ပြီး အာဆင်နယ်အသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ရုပ်သံတိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ကျိန်ဆဲသလိုဖြစ်ခဲ့လို ကျွန်တော်တို့တောင်းပန်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အက်စတွန်ဗီလာနှင့်ပွဲတွင် ဒုတိယပိုင်း၌လူစားဝင်ကစားခဲ့သည့် အသက် ၂၃ နှစ်အရွယ် ဝီလ်ရှီးယားက အာဆင်နယ်အသင်းအနေဖြင့် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ဖလားရယူနိုင်စွမ်းရှိသည်ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly