အနာဂတ်မြန်မာ့နိုင်ငံရေးအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သုံးသပ်ချက်များ

အနာဂတ်မြန်မာ့နိုင်ငံရေးအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သုံးသပ်ချက်များ

နေပြည်တော်၊ ဇွန် ၉ ။       ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်၊ အနာဂတ် သမ္မတလောင်းများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု အပါအဝင် လွှတ်တော်တွင်းလွှတ်တော်ပြင်ပ နိုင်ငံရေးအနေအထားတို့ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မဇ္ဈိမ ၊ 7days၊ Eleven၊ Messenger၊ ကုမုဒြာဂျာနယ်တို့က တွေ့ဆုံမေးမြန်းထားသည်ကို ကော်နုတ်ဖော်ပြလိုက်သည်။

မီဒီယာ ။    ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် ဘယ်လောက်ထိ ပြင်နိုင်မယ်ထင်လဲ။ သုံးသပ်ပေးပါဦး။

ဦးခင်အောင်မြင့်။      ။ ပြင်ဖို့ဥပဒေကြမ်းတော့ လက်မှတ်ထိုးနေပြီးလို့ပြောတယ်။ အဲဒီဥပဒေကြမ်း အဘမတွေ့သေးဘူး။ များသောအားဖြင့် သိသလောက် ပြန်ပြောရမယ်ဆိုရင် ပြည်ခိုင်ဖြိုးအနေနဲ့ တော်တော်များလေးတော့ ပြင်ဖို့ပြောထားတာရှိတယ်။

မီဒီယာ။  ။ ခြောက်ပွင့်ဆိုင်တွေ့ဆုံပြီးတော့ ဆွေးနွေးညှိနှိုင်းမှု ထိထိရောက်ရောက်လုပ်ဆောင်မှု မရှိထားသေးတော့ အရေးကြီးပုဒ်မတွေကို ပြင်ဆင်နိုင်ပါမလား၊ ခြောက်ပွင့်ဆိုင်ပြန်မတွေ့ဆုံနိုင်သေးတဲ့အပေါ်ပေါ့။

ဦးခင်အောင်မြင့်။ ။ တင်တာနဲ့ ပြင်ဆင်တာနဲ့ တပိုင်းစီပေါ့၊ တင်တာကတော့ ရာခိုင်းနှုန်းအရ လွှတ်တော်ကိုယ်စားလှယ် ရာခိုင်းနှုန်းပြည့်တယ် ဆိုရင်တင်လို့ရတယ်။ ပြင်ဆင်ဖို့အတွက်တော့ မဲ အဲဒါ စကားပြောတာပေါ့။ ပြင်နိုင်မယ် မပြင်နိုင်ဘူးဆိုတာက စောင့်ကြည့်ရမယ်အနေအထား။

မီဒီယာ။ ။ပြင်ဆင်နိုင်ဖို့က ခြောက်ပွင့်ဆိုင်အပေါ်မှာ ဘယ်လောက်များ အကျိုးသက်ရောက်မှု ရှိနိုင်လဲ။

ဦးခင်အောင်မြင့်။  ။ ရှိတယ်မရှိဘူး ဒီလိုတော့ငြင်းနေတာပေါ့။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ့ရဲ့ ဆန္ဒမဲတွေအပေါ်မှုတည်မှာပေါ့။ တပ်မတော် ကာကွယ်ရေးဦးစီးချူပ်က အမိန့်ပေးခွင့်ရှိတယ်လို့ ယူဆတဲ့အပိုင်းလည်းရှိတယ်ပေါ့။ဒါလွှတ်တော်ကိုယ်စားလှယ်ပဲ လွှတ်တော်ကိုယ်စားလှယ် သူအပိုင်းနဲ့ သူယူဆ တဲ့ သဘောတရားလည်းရှိတယ်။ တစ်ကယ်တော့ အားလုံးညီညီညွှတ်ညွှတ်ဖြစ်သွားစေချင်တယ်။ အားလုံးလည်း ပါဝင်စေချင်တယ်။ အဘတစ်ယောက်ထဲ ဘာမှ လုပ်လို့လည်းမရဘူး ဘာမှလည်းပြောလို့မရဘူး။ လွှတ်တာ်ဥက္ကဋ္ဌ အထိုင်ပဲကိုယ်ပြောချင်တာလည်းပြောလို့မရ။ အဆိုလည်းတင် လို့မရဘူး၊ မေးခွန်းလည်းမေး လို့မရဘူး။

မီဒီယာ။  ။ အဘပြောတဲ့ ညီညွှတ်စေချင်တဲ့အပိုင်းက လက်ရှိရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်နိုင်မလား။

ဦးခင်အောင်မြင့်။ ။ ဖြစ်စေချင်တာကို ပြောတာပါ။ နိုင်ငံရေးပါတီအချင်းချင်း ညီညွှတ်စေချင်တာရယ်။ ငြိမ်ချမ်းရေးကိစ္စကို ပြီးသွားစေချင်တာပေါ့။ အဲဒီနှစ်ခုသာပြီးသွားမယ်ဆိုရင် တော်တော်ကောင်းသွားမယ်လို့ထင်တယ်။တိုင်းပြည်မှာ ဒါကြောင့် သြစလျားမှာလည်း သတင်းစာမှာပါတယ် ဒီ issue ပဲ ဒီ issue နှစ်ခု ရအောင်လုပ်ဖို့ လိုနေတယ်ဆိုတော့ တပ်မတော်ကလာတဲ့သူတွေ အတူတူပဲ ပြောလို့မရဘူးလားပေါ့။ ခုက အဲဒီလိုပုံစံမဟုက်တော့ဘူး။ စနစ်သစ်အရ ဥပဒေပြုရေးက သက်သက် အုပ်ချူပ်ရေးက သက်သက် တရားစီရင်းရေးက သက်သက်၊ သူသဘောနဲ့သူဆောင်ရွက်ကြတာ။

မီဒီယာ။  ။ အဘနိုင်ငံတကာကိုလည်း သွားခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ နိုင်ငံတကာရဲ့ သဘောထားက ဘယ်လိုရှိနေလဲ လက်ရှိအနေအထား။

ဦးခင်အောင်မြင့်။  ။ အဘသွားတဲ့နိုင်ငံတွေမှာ တောင်ကိုးရီးယားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ။ ပိုလန်နိုင်ငံတွေက နိုင်ငံရေးကို လုံးဝစိတ်မဝင်းစားဘူး။ သြစတြေးလျ တက္ကသိုလ်ကတော့ လွန်ခဲ့တဲ့နှစ် ၂၀လောက်ကတည်းက မြန်မာရေးရာသုတေသနလုပ်တယ်။ နှစ် နှစ်တကြိမ် လူနှစ်ရာလောက်ရှိမယ်။ မြန်မာနိုင်ငံနေ ပြီတော့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ မွန်အဖွဲ့ဆိုတာရှိတယ်။ အရေးအခင်းပြီးတော့ ထွက်သွားတဲ့သူတွေ အများကြီးရှိတယ်။

မေးခွန်က ငါးခုလောက်မေးတယ်။ အဘကတော့ ကြိုက်တာမေးပေါ့။ ကြိုက်တာဖြေ၊ သဘာပတိကတော့ ဖြတ်ချလိုက်တယ်။ ဘာမေးလဲဆိုတော့ ပထမဆုံး တစ်ယောက်က မြန်မာပြည်ရဲ့ ဆင်းရဲတဲ့ပြည်နယ်တွေမှာ စက်မှုလက်မှုတွေ ထူထောင်နိုင်ပြီးလား မေးတယ်။ ကချင်၊ ကယား၊ ရခိုင်ပေါ့ ထူထောင်နိုင်လား မထူထောင်နိုင်သေးပါဘူး ဖြေလိုက်တယ်။ နောက်တစ်ခုက ကိုပါကြီးကိစ္စနဲ့ ဒေါ်ခင်းဝင်းကိစ္စ လူ့အခွင့်အရေး ဖောက်ဖျက်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ မေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ သဘောတူတာလည်း ရှိသလို့ သဘောမတူတာလဲရှိတယ်၊ စပြီးဆွဲတဲ့သူတွေက အသိညဏ်မဲ့လို့လား၊ စဉ်စားဆင်ခြင်ကင်းမဲ့လို့လား ဒေါ်ခင်ဝင်းကိစ္စ ကိုပါကြီးကိစ္စ တရားဥပဒေထိန်းကျောင်းတဲ့ ရဲတပ်ဖွဲ့ တပ်မတော်အဖွဲ့အစည်း လူ့အခွင့်အရေးချိုးဖောက်တယ် ပြောရအောင် တစ်နိုင်ငံလုံးမှာဖြစ်နေလား နေရာတိုင်းဖြစ်နေလား။ အဲဒီ့ ခေါင်းစဉ်တပ်ရအောင်။ အခြေခံဥပဒေကိစ္စ အဲဒီအချိန်မှာ ဒီအခြေခံဥပဒေကြောင့် ဒီလိုငြိမ်ငြိမ်သာသာနဲ့ ကူးပြောင်းလာတာ၊ အဲဒီလိုကူးပြောင်နိုင်အောင် အခြေခံဥပဒေကိုဆွဲတာ၊ အခြေခံဥပဒေပေါ်ပြီးနောက်မှာ မတည်မငြိြမ်ဖစ်မှာ ကြောက်တဲ့အတွက် အခြေခံဥပဒေမှာ အကာအကွယ်တွေ အများကြီး ထည့်ထားတာ ဖြေလိုက်တော့ ကျေနပ်သွားတယ်။

နောက်တစ်ယောက်ကတော့ အဘကို ရွေးကောက်ပွဲဝင်မှာလား။ ဝင်မယ်လို့ ဖြေခဲ့တယ်။ အဘရဲ့ မဲဆန္ဒနယ်ဝင်မယ်လို့ တစ်လက်စတည်း ပြောလိုက်မယ်လို့ ဆက်မေးမယ့် မေးခွန်ကိုသိနေလို့ ဘာလုပ်မှာလဲဆိုတဲ့မေးမယ်မလား။ တို့နိုင်ငံမှာက ခေါင်ဆောင်လုပ်ချင်တဲ့ သူတွေပဲများနေတယ်။ နောက်လိုက်လုပ်မယ့်သူမရှိဘူးလို့။ ဒါကြောင့် နောက်လိုက်ကောင်းတစ်ယောက်လုပ်ချင်တယ်လိုပြောခဲ့တယ်။

မီဒီယာ။  ။နောက်လိုက်ကောင်းတစ်ယောက် လုပ်ချင်တယ်ဆိုတာ မဏ္ဍိုင်သုံးခုမှာ ဘယ်မှာ လုပ်ချင်ပါလဲ။

ဦးခင်အောင်မြင့်။    ။ အဘကတော့ လွှတ်တော်ပိုင်းပဲအားသန်တယ်။ လွှတ်တော်ကတော့ ကိုယ်ဖောင်ဒေရှင်းအုပ်မြစ်ချတာပေါ့။ ပထမဦးဆုံး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပထမဦးဆုံးပြည်ထောင်စုလွှတ်တော်နယက။ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ကိုယ်စွမ်းရည်ပြပြီးပြီးလေ၊ အခက်အခဲမရှိ လုပ်နိုင်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ စိတ်ကူးမရှိဘူး။ လွှတ်တော်တောင်မှ အဘရဲ့ စိတ်ရင်းအတိုင်းဆိုရင် လွှတ်တော်ကိုယ်စားလှယ်ပဲ လုပ်ချင်တယ်။ ဥက္ကဋ္ဌက မဏ္ဍိုင်တစ်ခုကို ထမ်းထားရတာလေ။ အသက် ၆၉ နှစ်ရှိပြီလေ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မေးခွန်းမေးမယ်။ အဆိုတင်မယ်၊ ဥပဒေကြမ်းတွေ ရေးတင်မယ်၊ ဒီလိုလုပ်ကွက်တွေရှိတယ်။ လုပ်နိုင်တာတွေလည်းရှိတယ်။ တစ်ဖက်တစ်လှမ်းကလည်း စာရေးမယ်။သုတေသနတွေပြုမယ်။ အဲဒီ့ဆန္ဒနဲ့ အေးအေးချမ်းချမ်းလေးလုပ်ချင်တယ်။ ဒါနဲ့အခြေအနေဆိုတာ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး။ဒီလွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ဆိုတာ ရည်မှန်ချက်ဆိုတာ မရှိဘူး။ လျာထားချက်လည်းမရှိဘူး။ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းပေးထားတာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြည်သူလွှတ်တော်မှာရှိတဲ့ ဦးဘိုနီ၊ သူကနှစ်မြို့နယ်ကို ရမည်းသင်းနဲ့ပျော်ဘွယ်က အပြိုင် သူက ရမည်းသင်းသား ပျော်ဘွယ်က မဲမထည့်မှာကြောက်တယ်။ အဲဒါ ပါတီကိုသတင်းပို့တော့ အဘယူလိုက်ပါဆိုတော့ အဘယူလိုက်တယ်။ရှုံးလည်းနားရတာပေါ့။ ရွေးကောက်ပွဲနိုင်တဲ့ စာရင်းတွေ ထွက်လာတော့ ဝန်ကြီးဟောင်းက အဘတစ်ယောက်ပဲပါတယ်။ အဲဒါနဲ့အဘကို အားလုံးလေ့လာပြီးတော့ ဥက္ကဋ္ဌ ရွေးတဲ့အချိန်မှာ အဘကို ဘယ်သူမှ မပြိုင်ဘူး၊ နာမည်စာရင်းဘယ်သူမှမပေးဘူး။ အဲဒါထိုင်နေရင်းနဲ့ မဲမခွဲရဘဲ ဥက္ကဋ္ဌဖြစ်တာ၊ ဒုသမ္မတလည်းပြိုင်တယ်၊ ဒုဥက္ကဋ္ဌလည်းပြိုင်တယ်၊ ဒီဥက္ကဋ္ဌကို ဘယ်သူမှမပြိုင်တာ အဲဒီတော့ မမျှော်လင့်ပဲဖြစ်သွားတာ၊

မီဒီယာ။ ။ အဘလိုချင်တဲ့ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတဲ့ကဏ္ဍကို ပါတီက ခွင့်ပြုနိုင်ပမလား

ဦးခင်အောင်မြင့်။  ။ မပြောတက်ဘူး။ ပါတီရဲ့ ဆုံးဖြတ်ချက်ကတော့ လိုက်နာရမှာပေါ့၊ ဒါပေမယ့် ပါတီက လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းသွင်းလို့လည်း လွှတ်တော်ကိုယ်စားလှယ်က ရွေးဦးမှကိုး၊ အဲဒီလိုရွေးတဲ့အခါကျတော့လည်း မရပါစေနဲ့ မရပါစေနဲ့လို့ ဆုတောင်းနေလိုက်မယ်။ ရသွားတော့လည်း မတတ်နိုင်ဘူးပေါ့။

မီဒီယာ။  ။အမျိုးသားလွှတ်တော်အနေနဲ့ ဝင်ပြိုင်မှာလား ပြည်သူ့လွှတ်တော်နဲ့ ပြိုင်မှာလား။

ဦးခင်အောင်မြင့်။  ။ အမျိုးသားလွှတ်တော်အနေနဲ့ ဖြစ်ဖို့များပါတယ်။ ခုချိန်ထိတော့ နေရာတွေ အတည်မဖြစ်သေးဘူး။

မီဒီယာ။          ။ လာမယ့်သမ္မတအတွက်ပေ့ါ လက်ရှိခေါင်းဆောင်တွေထဲကနေ ပြောနေကြာတာရှိတယ်။ အဲဒီထဲက တပ်ချူပ်က ဖြစ်နိုင်တယ်လို့ပြောနေတာရှိတယ်။ အဘရဲ့ အမြင်ကိုသိချင်ပါတယ်။

ဦးခင်အောင်မြင့်။  ။ ဒီပြင်ဆင်မှုဆိုတာ ၅၉(စ)ကို ပြင်နိုင်သလား၊ မပြင်နိုင်ဘူးလား အဲဒါကို စောင့်ကြည့်ရမယ်။ တစ်ကယ်လို့ မပြင်နိုင်ဘူးဆိုရင်းလည်း လွှတ်တော်ဥက္ကဋ္ဌဆိုတာ မဆိုးပါဘူး။ ဒါလည်း ကာလုံမှာပါတာပဲ၊ ဟုတ်တယ်မလား၊ အဘသဘောအရတော့ ဟိုအရင်ကတည်းက စိတ်ကူးကြာလှပြီ ဝန်ကြီးချုပ်လို အဖွဲ့မျိုး။ အဘက ဖော်ချင်တာပေါ့။ ဒါပေမယ့် ခုတင်တဲ့အထဲမှာ မပါဘူး။ အဘဆန္ဒပြုတုန်းကပါတယ်။ ကော်မတီအဆင့်မှာ ပြုတ်သွားတယ်ထင်တယ်။ အဲဒီကိစ္စ။ ဝန်ကြီးချုပ်ဆိုရင် ပို့စ်ဆိုရင် ၅၉(စ)နဲ့ လွှတ်တယ်လေ။ အဲဒီလိုစဉ်စားပြီတော့ လုပ်ခဲ့တယ်။ ကော်မတီအဆင့်နဲ့ ပြုတ်သွားတော့ မတတ်နိုင်ဘူးပေါ့လေ။

မီဒီယာ။  ။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဘယ်လိုအခန်းကဏ္ဍမှာ အဓိကထားတင်ခဲ့သလဲ။

ဦးခင်အောင်မြင့်။  ။ အဓိကအဲဒီဥစ္စာပဲတင်ခဲ့တယ်။ ဝန်ကြီးချူပ်ဖွဲ့ဖို့ပေါ့။ ကျန်တာတွေကတော့ စဉ်စားသင့်တယ်၊ စဉ်စားသင့်တယ်ပေါ့။တိုင်ပြည်အရေးအခင်းမှာ တိတိကျကျကြီးဆုံးဖြတ်ပြီး ပြောဖို့ခက်တယ်။ အများကြီးစဉ်စားရတာ စဉ်စားရတော့ အိပ်မပျော်ဘူး။ အိပ်ဆေးသောက်ပြီးအိပ်နေရတယ်။ Election(ရွေးကောက်ပွဲ) မတိုင်ခင်လည်း တည်ငြိမ်စေချင်တယ်။ Election ပြီးသွားရင်လည်း တည်ငြိမ်စေချင်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တစ်စည်းလုံးတည်းပေါ့။

တို့တိုင်းပြည်က အဲဒီလိုမဟုက်ဘူး။ ခေါင်ဆောင်ပဲ လုပ်ချင်တဲ့အခါကြတော့ နိုင်ငံရေးပါတီတွေက တအားများလာတယ်။ အဲဒါ အဓိကပဲ ခေါင်ဆောင်ပဲလုပ်ချင်နေတယ်။ သဘောတရားတွေ ဘာကွာသလဲဆိုတော့ ဘာမှလည်းကွာသွားတာမဟုက်ဘူး၊ တူနေတာပဲ တူနေရင်ပေါင်းပါလား ပါတီကြီးတစ်ခုခုကို ဝင်လိုက်ပါလား။ မဟုက်ဘူး။ ခေါင်ဆောင်ဖြစ်ချင်တာနဲ့ ပါတီတွေထောင်တာအများကြီး။ တစ်ခြားနိုင်ငံတွေက ဒီနိုင်ငံပါတီတွေ ဒီလောက်တောင်များသလားပေါ့။ ရှက်စရာတောင်ကောင်းတယ်။ အဲဒါက ခေါင်ဆောင်ပဲဖြစ်ချင်တာ နောက်လိုက်ကို မဖြစ်ချင်ကြဘူး။ အဲဒါမြန်မာလူမျိုးစိတ်ဓာတ်၊ မြန်မာလူမျိုးက အစွန်ရောက်ချင်တဲ့စိတ်ရှိတာပေါ့၊ ဘာဖြစ်ဖြစ်အမြစ်က လှန်ပစ်လိုက်ချင်တာ တစ်ဖြည်းဖြည်း ပြင်ချင်တဲ့စိတ်မရှိဘူး။

မီဒီယာ။  ။ ခေါင်ဆောင်လို့ပြောတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် ဘယ်လိုခေါင်ဆောင်မျိုးလိုအပ်နေပါသလဲ။

ဦးခင်အောင်မြင့်။  ။ အဓိက စည်းရုံးရေးကောင်းတဲ့ ခေါင်ဆောင်မျိုး လိုအပ်တယ်။ ဗိုလ်ချူပ်အောင်ဆန်းက စည်းရုံးရေးကောင်းတဲ့သူ။ အားလုံးရဲ့ ယုံကြည်ခြင်းကိုခံရတာ။ အဲဒီလိုခေါင်းဆောင်မျိုးကို ရမှ ရမှာ။ တို့လူမျိုးက သိပ်ကွဲတက်တာ။ လူသုံးယောက်ရှိရင် နှစ်ပါတီဖွဲ့ချင်တာ။ ဗိုလ်ချူပ်အောင်ဆန်းလက်ထက်ကလည်း ဖြစ်ခဲ့တာပဲ။ သို့သော် အဲဒီကြားထဲကမှ တက်နိုင်သမျှ သူလည်း အပြည့်အဝတော့မရဘူး။ တတ်နိုင်သမျှစည်းရုံးပြီးတော့ လွတ်လပ်ရေးရယူပေးခဲ့တော့ သူရဲကောင်းဖြစ်တာ။ ဗိုလ်ချူပ်အောင်ဆန်းသာ ရှိခဲ့ရင် စဉ်စားတာပေါ့ စဉ်စားတော့ ခြေရာခံလို့သိပ်မရဘူး။ တစ်ချို့နေရာ ဗိုလ်ချူပ်က သိပ်ကြမ်းတာ ပြောတာဆိုတာ သိပ်ကြမ်းတာ သိပ်ကိုပြတ်တာ။ ဆဲဆိုးပြီးတော့ ပြတ်ပြတ်သားသား ကြမ်းကြမ်းတမ်းတမ်းနဲ့ ဒါပေမယ့် သူရဲ့စန်းနဲ့သူရဲ့ ရိုးသားဖြောင့်မတ်မှုက သူ့ကိုချစ်ခင်တာယုံကြည်တာ သူက လိုက်စည်းရုံးနေတာတော့ မဟုတ်ဘူး။ သူ့ကိုယ်သူ တည်ဆောက်ထားတာကို အကုန်လုံးက ကျေနပ်တာပေါ့။ အရည်အချင်းရှိတာပေါ့။ သူမှန်ရင် တိုင်းပြည်တအားတက်သွားမှာ။ သူမှားရင်လည်း ခွက်ခွက်လှန်အောင်မှားမှာ ဒီသဘောတော့ရှိတာပေါ့။

မီဒီယာ။ ။ အဲဒီလိုစည်းရုံးရေး ကောင်းတဲ့သူက လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ပြောရင် အဘလက်ခံလား။

ဦးခင်အောင်မြင့်။  ။ အဲဒီလိုတော့ ပြောလို့မရဘူး။ ဗိုလ်ချူပ်အောင်ဆန်းလောက်မရဘူး။       

မီဒီယာ။  ။ဗိုလ်ချုပ်လောက်မဟုတ်ရင်တောင် နိုင်ငံလူထုကိုစည်းရုံးနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်ရော။

ဦးခင်အောင်မြင့်။      ။ ရွေးကောက်ပွဲက ဆုံးဖြတ်ပေးမှာပါ။ အဖြေမှန်ကတော့လေ၊ အဘပြောရင်လည်း ခန့်မှန်းခြေပဲဖြစ်မှာပေါ့။ ရွေးကောက်ပွဲက ဆုံးဖြတ်ပေးမှာ။ ကြိုတ်တဲ့သူရှိသလို့ မကြိုတ်တဲ့သူလည်းရှိမှာပဲ။ ဗိုလ်ချူပ်အောင်ဆန်ုးကိုလည်း ကြိုတ်တဲ့သူရှိသလို မကြိုတ်တဲ့သူလည်းရှိတာပဲ။ ကြိုတ်တဲ့သူများရင် အောင်မြင်မှာပေါ့။ ကြိုတ်တဲ့သူမများရင်တော့ မအောင်မြင်ဘူးပေါ့။ သို့သော်လည်း ရုံးကန်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ရုန်းကန်ရမှာပဲ အများကြီး ရုန်းကန်ရမှာပဲ။ တို့လူမျိုးက နေရာမရတဲ့သူက ဘယ်တော့မှ မကျေနပ်ဘူး။ အထက်ကအုပ်ချူပ်တဲ့သူမှန်သမျှကို ဘယ်သူမှမကျေနပ်ဘူး။ တို့လူမျိုးအကျင့်ပါ။ အဲဒါကိုပြင်ရမယ်။ ပညာရေးစနစ်လည်း ဒီအတိုင်းပဲ။ သူများနိုင်ငံတွေဆိုရင် တအားအပိုကြိုးတာပဲ။ ဥပဒေစည်းကမ်းကို အရမ်းလိုက်နာတယ်။ အဲဒီလိုပြင်နိုင်တဲ့သူဖြစ်ရမယ်။ အမုန်းလည်းခံရမယ်။ ဒီနေ့ပြုတ်သွားမလား ထွက်သွားမယ်။ မက်လို့လုပ်တာမဟုတ်ဘူး ကောင်းဖို့လုပ်တာ။ လက်မခံလို့ထွက်သွားရမယ်ဆိုရင်လည်း နားရတာပေါ့။ ဒါကိုဖြတ်ကျော်ပြီးတော့ လုပ်ချင်တဲ့သူမျိုးကိုက်တယ်။

မီဒီယာ။  ။ဇီးသီးဗန်းကိစ္စရော အစိုးရအဖွဲ့က အကြောင်းပြန်တာ ဘယ်လိုအခြေအနေရှိလဲ။

ဦးခင်အောင်မြင့်။       ။ ပြင်ပေးတယ်။ လုပ်ပေးတယ်။ ပြောတုန်းကတော့ စိတ်ဆိုးတယ်။ အကြီးအကျယ်ကိုစိတ်ဆိုးတာ။ တော်တော်စိတ်ဆိုးတာ။ ကောင်းသွားပါတယ်။ အဖွဲ့တွေဖွဲ့ပြီးဆင်းစစ်ပြီးတော့ လုပ်ပေးတယ်။ ပြန်ကြားချက်ပေးတယ်။ နောက်ဥပဓိရုပ်မကောင်းတဲ့ ကျောင်းတွေ အဘလက်မှတ်ထိုးပြီး သမ္မတဆီပို့ပေးတယ်။

မီဒီယာ။  ။ အခုသမ္မတရာထူးအတွက်ကို လူတွေပြောနေကြတာရှိပါတယ်။ ထင်မြင်ချက်ပေါ့။ လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှန်းနေတာရှိတယ်။ အဘအနေနဲ့ကော သူတို့မှန်းတဲ့သူတွေက တစ်ကယ်ဖြစ်နိုင်မလား။

ဦးခင်အောင်မြင့်။       ။ ရွေးကောက်ပွဲနိုင်ပါစေဦး။ အဲဒီလူတွေအားလုံး ရွေးကောက်ပွဲနိုင်ပါစေအုံး။ ရွေးကောက်ပွဲ ဆိုတဲ့ အဆင့်ကြီးခံနေတာ။ အဲဒီအဆင့်ကြီး ကို ဖြတ်ကျော်ရမယ်။ ဆယ်တန်းစာမေးပွဲလိုဟာမျိုးပေါ့။

မီဒီယာ။  ။ ရွေးကောက်ပွဲဝင်စရာမလိုဘဲ ၆၀(ဂ)လိုမျိုး တပ်မတော်သားအဖွဲ့က တင်သွင်းနိုင်တဲ့ ဒုတိယသမ္မတလောင်မျိုးကလည်း ရှိတယ်ဆိုတော့ အဲဒီဟာမျိုးကလည်း အများဝေဖန်သလို ဝင်ပေါက်တစ်ခုဖြစ်သွားမလား။

ဦးခင်အောင်မြင့်။         ။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်နိုင်တယ်။ ဖြစ်နိုင်သော်လည်း ဒုသမ္မတပဲဖြစ်နိုင်တယ်လေ။ သမ္မတကတော့ ပြောလို့မရဘူး။ ဒုသမ္မတသုံးယောက်ထဲက ပြန်ရွေးရမှာပေါ့။

မီဒီယာ။  ။ USDP အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးက သိပ်အားရစရာရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ကြတယ်။ အဘအနေနဲ့ရော ဘယ်လိုမြင်ပါ သလဲ။

ဦးခင်အောင်မြင့်။   ။ ကိုယ့်မဲဆန္ဒနယ် ကိုယ်အောင်နိုင်ရေးကြိုးစားကြ။ ဒီလိုပဲလုပ်ရတာပေါ့။ သူတင်ကိုယ်တင်တော့ လုပ်ရမယ်။ ၂၀၁၀ တုန်းကတော့ NLD မပါဘူး။ သူ ချည်းလည်း အပြည့်ရမှာမဟုတ်ဘူး၊ ကိုယ်ချည်းလည်း အပြည့်ရမှာမဟုတ်ဘူး။ ကြားပါတီတွေလည်းရှိတယ်။

မီဒီယာ။  ။တိုင်းရင်းသားပါတီမဟာမိတ်နဲ့ ပတ်သက်ပြီးတော့ USDP အနေနဲ့ ဘယ်လိုမျိုးပြင်ဆင်ထားလဲ။

ဦးခင်အောင်မြင့်။        ။ အဘတို့ အထူးတလည်ပြင်ဆင်ထားတာတော့မရှိပါဘူး။ အားလုံးနဲ့ လက်တွဲပြီးတော့ ဆောင်ရွက်နေတာ။ ဟိုမဟာမိတ်ကြီး ဘာညာဆိုတာမျိုးတော့ လုပ်ရမယ်အချိန်လည်း မဟုတ်သေးဘူး။ ရွေးကောက်ပွဲအပေါ် ဘယ်သူတွေဘယ်လောက်နိုင်ပြီး တက်လာမလဲဆိုတဲ့ အခြေအနေကြမှ လုပ်ရမယ်ပြသနာ။ ခုကတော့ သူလည်းပြိုင်ကိုယ်လည်းပြိုင် ဘယ်သူမှ လျှော့ပေးမှာမဟုက်ပဲ။

မီဒီယာ။  ။ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ဒုတိယအကြိမ် ဘာကြောင့် ကြာနေတယ်လို့ အဘအမြင်ကိုပြောပေးပါ။ နောက်တစ်ကြိမ် ဘယ်တော့လောက်ဖြစ်နိုင် သလဲ။

ဦးခင်အောင်မြင့်။   ။ဒုတိယအကြိမ် အဘခေါ်လို့ရရင်ခေါ်ပြီးပြီး ဒါပဲ။

မီဒီယာ။      ။ တပ်မတော်ကလည်း လက်ရှိနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာ ရှိတယ်လို့ ပြောဆိုနေတာတွေလည်းရှိတယ်။ အဲဒီအပေါ်မှာကော ဘယ်လောက်အထိ လက်ရှိကာလမှာ လျှော့ချနိုင်သလဲ

ဦးခင်အောင်မြင့်။        ။ အခြေခံဥပဒေပြင်တဲ့အခါမှာ စဉ်စားရမှာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တစ်ဖြည်းဖြည်း လျှော့ချသွားမယ်လို့ ပြောဖူးတယ်။

မီဒီယာ။  ။ ဒီတစ်ခေါက်ပြင်တဲ့အခါမှာကော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာကော ပြင်နိုင်မလား။

ဦးခင်အောင်မြင့်။  ။ မပြင်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ သူက တို့လွှတ်တော်ရဲ့ပုံစံက အခြားနိုင်ငံရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်ပေါ့ အမျိုးသားလွှတ်တော်ဆိုတာ တိုင်းရင်းသား သီးသန့်ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly