Miss Universe Myanmar 2015 ပြိုင်ပွဲသို့ မန္တလေးမြို့ ကိုယ်စားပြု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ် ဟန်လေး

Miss Universe Myanmar 2015 ပြိုင်ပွဲသို့ မန္တလေးမြို့ ကိုယ်စားပြု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ် ဟန်လေး

ရန်ကုန် (မဇ္ဈိမ) ။ ။ မန္တလေး မြို့တော် ခန်းမတွင် ဇွန်လ ၁၆ရက်၌ ကျင်းပ ပြုလုပ်ခဲ့သည့် Miss Universe Mandalay 2015 ပြိုင်ပွဲတွင် Miss Universe Mandalay 2015 အဖြစ် အလှမယ် ဟန်လေး မှ ရွေးချယ်ခံခဲ့ရသည်။

ထိုပြိုင်ပွဲတွင် အဆိုတော် Russell နှင့် အလှမယ် ဂုဏ်ရည်အေးကျော်တို့မှ အခမ်းအနားမှူး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဆန်ကာတင် အယောက် ၂၀မှ မြန်မာဝတ်စုံ ၊ Swim Suit ၊ ညနေခင်း ဝတ်စုံတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

Miss Universe Mandalay 2015 ကို အလှမယ် ဟန်လေးက ရရှိခဲ့သလို ၎င်းသည် Miss Healthy Skin Miss Weint Sein ဆုတို့ကိုလည်း ရရှိ ခဲ့သည်။ 1st Runner-up ကို အေးယုမွန် ၊ 2nd Runner-up ကို ချစ်သည်းဖြူ ၊ Miss Glorious and Perfect Hair ဆုကို ပိုးပန်းချီခင် တို့မှ ရရှိခဲ့သည်။

Miss Universe Mandalay 2015 ဆု ရရှိသူ အလှမယ် ဟန်လေးကို Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင်မှ သရဖူ ချီးမြှင့် ပေးခဲ့သည်။

Miss Unvierse Mandalay 2015 Winner ဆုရှင်သည် ၂၅သိန်းတန် သရဖူ နှင့် ဆုကြေးငွေ သိန်း(၃၀) ၊ 1st Runner Up ရရှိ သူက ကျပ် သိန်း ၂၀ ၊ 2nd Runner Up ရရှိသူက ကျပ် ၁၀သိန်း စသည့်ဖြင့် အသီးသီး ရရှိ ခဲ့သည်။

အလှမယ် ဟန်လေးသည် ၂၀၁၅ခုနှစ် အောက်တိုဘာလ တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲ၏ ဆန်ကာတင် အလှမယ် (၂၀)ဦး စာရင်းသို့ တိုက်ရိုက် ပါဝင် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

၎င်းအလှမယ် ကို Miss Universe Myanmar 2015 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် နေစရိတ်၊ စားစရိတ် အကုန်ကို Miss Universe Mandalay Organization မှ တာဝန်ယူပြီး စေလွှတ် ပေးသွားမည် ဖြစ်သည်။

Miss Universe Mandalay Organization မှ Operation Manager ကိုရွှေမန်းသား က "ကျွန်တော်တို့ Organization ဘက်ကတော့ ရန်ကုန်မှာ လုပ်မယ့် Miss Universe Myanmar 2015  ပြိုင်ပွဲ အတွက် လမ်းလျှောက်တာတွေ ၊ ဘော်ဒီပိုင်း ဆိုင်ရာတွေကို လေ့ကျင့် ပေးသွားမှာပါ။ ပြီးတော့ မန္တလေးမြို့ကို ကိုယ်စားပြုမယ့် National Costume နဲ့ မန္တလေးမြို့ကို ကိုယ်စားပြုတဲ့ ပစ္စည်း တစ်ခုကိုလည်း စီစဉ် ပေးလိုက်မှာပါ" ဟု ပြောသည်။

Miss Universe Myanmar 2015 ပြိုင်ပွဲသို့ မန္တလေးမြို့ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် ဟန်လေးကို Miss Universe Mandalay Organization မှ ပြိုင်ပွဲ အတွက် လိုအပ်သည့် လေ့ကျင့်မှုများ လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly