စီမံချက်ကာလ နှစ်လအတွင်း ရန်ကုန်တိုင်း၌ တရားခံပြေး ရ၀၀ ကျော် ဖမ်းမိ

စီမံချက်ကာလ နှစ်လအတွင်း ရန်ကုန်တိုင်း၌ တရားခံပြေး ရ၀၀ ကျော် ဖမ်းမိ

ရန်ကုန်၊ ဇွန် ၂၀ ။      ။ ရန်ကုန်တိုင်း၊ မြို့နယ် ၄၅ မြို့နယ်အတွင်း တရားခံပြေး အမှုပေါင်း ၂,၃၉၅ မှုမှ ဖမ်းဆီးရန် တရားခံပြေး ၂,၀၀၀ ကျော် ကျန်ရှိနေရာ စီမံချက်ချ ဖမ်းဆီးခဲ့သည့် နှစ်လအတွင်း တရားခံပြေး ၇၀၀ ကျော် ဖမ်းမိထားပြီး ဖြစ်သည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ခရိုင်မှူး ရဲမှူးကြီး မြင့်ထွေးက ဇွန် ၂၀ ရက် တွင် မဇ္ဈိမကို ပြောသည်။

ရဲမှူးကြီး မြင့်ထွေးက “ရန်ကုန်တိုင်းဒေသကြီးမှာ ဖမ်းဆီးဖို့ရှိနေတဲ့ စာရင်းအရ စုစုပေါင်း တရားခံပြေး ၂,၀၀၀ ကျော်ကို မေလနဲ့ ဇွန်လ နှစ်လအတွင်းမှာ စီမံချက်အနေနဲ့ ဖမ်းဆီးတာ ခုဆိုရင် ၁,၃၀၀ ခန့်သာ ကျန်တော့တယ်။ ၇၀၀ကျော် ဖမ်းဆီးမိတယ်လို့ဆို ရာမှာ တချို့က သေဆုံးလို့ ပယ်ဖျက်လိုက်တာတွေလည်း ပါဝင်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးခရိုင် ၄ ခရိုင်လုံးတွင် ဖမ်းဆီးရန် ကျန်ရှိသော အမှုများမှာ စာရင်းအရ  ၂,၆၁၄ မှု ဖြစ်ပြီး ဖမ်းဆီးရမိမှုမှာ ၂၁၉ မှုဖြစ်ကာ ၂,၀၂၅ ဧပြီလအထိ စုစုပေါင်း ၂,၃၉၅ မှု ဖမ်းဆီးရန် ကျန်နေခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများကို ဖမ်းဆီးရမိရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချူပ်မှ ၂၀၁၄ ခုနှစ်၊ အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၂၅ ရာခိုင်နှုန်း ဖမ်းဆီးရမိရေး အတွက်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် ၂၅ ရာခိုင်နှုန်း ဖမ်းဆီးရ မိရေးအတွက် လည်းကောင်း စုစုပေါင်း ၆ လအတွင်း ၅၀ ရာခိုင်နှုန်း ဖမ်းဆီးရမိရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်၍ လအလိုက် ဖမ်းဆီးရန်နှင့် ကျန်ရှိသည့် တရားခံပြေး အရေအတွက်ကို သတ်မှတ်ပေး၍ ဖမ်းဆီးဆောင်ရွက်ရန် စီမံချက်ချ ညွှန်ကြားခဲ့ခြင်း ဖြစ်ကာ ထွက်ပြေးနေသော တရားခံပြေးများအနေဖြင့် နောက်ထပ်ပြစ်မှု ကျူးလွန်ရန် လွယ်ကူနိုင်၍ ယင်းသို့ စီမံချက်များ ချမှတ်ရခြင်းဖြစ်ကြောင်းလည်း ရဲမှူးကြီး မြင့်ထွေးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly