ဘင်္ဂါလီရွှေ့ပြောင်းများကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ကူညီရန် ဂျပန် ကမ်းလှမ်း

ဘင်္ဂါလီရွှေ့ပြောင်းများကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ကူညီရန် ဂျပန် ကမ်းလှမ်း

မြန်မာနိုင်ငံမှ ထွက်ပြေးနေသော ဘင်္ဂါလီ လှေစီးဒုက္ခသည်များကို ကူညီရန် ဂျပန်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကို ဇွန် ၂၀ ရက်က ကမ်းလှမ်းသည်။

မြန်မာအစိုးရနှင့် လူနည်းစု အုပ်စုများအကြား ရင်ကြားစေ့ရေး အပါအဝင် အာရှရှိ ဒေသ အသီးသီးတွင် အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်များကို ကူညီရန် ဂျပန်က ကတိပြုထား ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကစ်ရှီးဒါက ပြောကြားသည်။

“အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းသွာဖို့ ကြိုးပမ်းတာ မျိုး ပုံမှန် မဟုတ်တဲ့ ရွှေ့ပြောင်း မှုတွေနဲ့ ဆက်စပ်ပြီး ကူညီဖို့ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ထပ်တိုးမှာပါ” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အေဂျင်စီများမှ တစ်ဆင့် ကူညီရန် ဆုံးဖြတ် ထားကြောင်းလည်း လူထုဟောပြောပွဲ၌ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

အစားအစာနှင့် အမိုးအကာတို့အပြင် ဘင်္ဂါလီများ၏ ပင်လယ်ရေလမ်းကြောင်းများနှင့် ပတ်သက်၍ အချက်အလက် စိစစ်ခွဲခြမ်းမှု အတွက်လည်း ရည်ရွယ်ကြောင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာသည် လှေအတွင်း ပြည့်သိပ်စွာလိုက် ပါလျက် အခြားအရှေ့တောင် အာရှနိုင်ငံများသို့ အရဲစွန့်သွားရာမှ ဒုက္ခရောက်မှုများက နိုင်ငံတကာကို အာရုံစိုက်စေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly