၇၂နာရီအတွင်း လေပြင်းတိုက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ပေ ၁၅ ပေ မှ ၂၀ပေထိ ရှိနိုင်ဟု ခန့်မှန်းထား

၇၂နာရီအတွင်း လေပြင်းတိုက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ပေ ၁၅ ပေ မှ ၂၀ပေထိ ရှိနိုင်ဟု ခန့်မှန်းထား

ရန်ကုန်၊ ဇွန် ၁၉ ။      ။ ဇွန် ၁၉ရက်မှ စ၍ သုံးရက်အတွင်း မြန်မာ့ပင်လယ်ပြင်တွင် လေပြင်းတိုက်၍ လှိုင်းကြီးနိုင်သောကြောင့် ရခိုင်ပြည်နယ်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများ၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများကို မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်များ ထုတ်ပြန်နေပြီ ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်ပေါ်တွင် လေးဖိအားနည်း ရပ်ဝန်း ဖြစ်နိုင်သည့်အတွက် ကမ်းလွန်ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ မိုင်၄၀ အထိ တိုက်နိုင်ကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

"ဒီရာသီမှာက အလိုပဲဖြစ်တက်တယ်  ဒီနေ့ (ဇွန် ၁၉ရက်)၂နာရီမှာ သတိပေးချက်တွေ ထုတ်ပြန်ကြေငြာမယ်၊ မိုးလေးဝသ သတိပေးချက်ကို သက်ဆိုင်ရာဌာနတွေကို ပေးပို့ထားပြီးပြီ" ဟု ၎င်းကပြောသည်။

မိုးလေးဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း မြန်မာ့ပင်လယ်ပြင်တွင် ဇွန် ၁၉ရက် မှစ၍ သုံးရက် အတွင်း လေတိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်မှ ၄၀အထိ တိုက်နိုင်ကာ ပင်လယ်ရေမျက်နှာပြင်အထက် လှိုင်းအမြင့်ပေ ၁၅ပေ မှ ပေ၂၀ အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

"အထူးသဖြင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသဟာ အဆိုးဆုံး ဖြစ်နိုင်တယ်၊ အရွယ်အစားသေး ငယ်တဲ့ ရေယာဉ်များ ကမ်းမှ ဝေးရာခွာသွားလာခြင်းကို ရှောင်ရှားသင့်ပါတယ်"ဟု ၎င်းကပြောသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ မုတ်သုံလေ အားကောင် လာသောကြောင့် ဘင်္ဂလားပင်လယ်ပြင်တွင် လေတိုက်နှုန်းများ မြင့်တက်လာ၍ လှိုင်းကြီးနိုင်သည်ဟု ၎င်းကပြောသည်။

ဟိုင်ကြီးကျွန်းရှိ ငါးဖမ်းလုပ်ငန်းရှင် ကိုသက်ဦးက "မော်တော်တွေတော့ အခုပြန်ဝင်နေပြီး၊ ကျွန်တော်တို့လည်း မနက်ကတော့ ကြားတယ်။ စက်လှေကို ဒီရက်ပိုင်း ခဏနားထားတယ် "ဟု မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly