ငွေဖြည့်ခြင်း မရှိသည့် MPT ဖုန်းများ လိုင်းပိတ်မည် ဆိုခြင်း မဟုတ်

ငွေဖြည့်ခြင်း မရှိသည့် MPT ဖုန်းများ လိုင်းပိတ်မည် ဆိုခြင်း မဟုတ်

လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် ငွေဖြည့်ခြင်း မပြုဘဲ အဝင်ခေါ်ဆိုမှုကိုသာ အသုံးပြုနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဖုန်းများ လိုင်းပိတ်သိမ်းသွားမည်ဆိုသည့် သတင်းမှာ ကောလဟလ သတင်းများသာ ဖြစ်ပြီး မှန်ကန်မှု မရှိဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာတွင်လည်း ယင်းထုတ်ပြန်ချက်ကို ဖော်ပြထားပြီး လူမှု ကွန်ရက် အသုံးပြုသူ တစ်ဦးက လိုင်းပိတ်သိမ်းမည်ဆိုပါက ငှားရမ်း အသုံးပြုခအတွက် ပေးသွင်းထား ရသည့်ျငွေကို ပြန်လည်ပေး အပ်ရလိမ့်မည်ဟု အဆိုပါ ပို့စ်ပေါ်တွင် မှတ်ချက်ရေးသားထားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တစ်မိနစ် ဖုန်းခေါ်ဆိုခ ၃၅ ကျပ် (ဆွေသဟာ အစီအစဉ်ကို အသုံးပြုပါက) ကောက်ခံမှုကြောင့် အဝင်ခေါ်ဆိုမှုအတွက်သာ အသုံးပြုနေခြင်းဖြစ်ပြီး ပြည်ပ အော်ပရေတာများ၏ ဆင်းမ်ကတ်များကို အထွက် ခေါ်ဆိုမှု အတွက် ပြောင်းလဲအသုံးပြုခြင်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းအသုံးပြုခဲ့သူ တစ်ဦးက ဆိုသည်။

၎င်းက “ ပြည်ပ အော်ပရေတာတွေက တစ်မိနစ် ၂၅ ကျပ်၊ MPT က ၃၅ ကျပ်ဆိုတော့ MPT ကို အရင်က အဆက် အသွယ်တွေ ပြတ်မှာစိုးလို့ ဖုန်းထဲ ထည့်ထားတာ။ အဝင်ပဲ သုံးတော့တယ်။ မရတော့ဘူး ဆိုရင်လည်း ဈေးမလျှော့ ရင်တော့ မသုံးတော့ပါဘူး” ဟု ဆိုသည်။

MPT ဖုန်းများ၏ ဖုန်းခေါ်ဆိုခ ကောက်ခံမှု ဈေးနှုန်းအပြင် ဝန်ဆောင်မှု ကောင်းမွန်မှသာ ပြန်လည် အသုံးပြုမည်ဟုလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းအသုံးပြုသူ တစ်ဦးက ၎င်းက၏ အမြင်ကို ပြောသည်။
၎င်းက “ကိုယ့်ပြည်တွင်းကဆိုတော့ အားပေးချင်တယ်။ ဈေးက ကြီးတယ်။ ဝန်ဆောင်မှုကလည်း မထူးဘူး။ ဈေးနှုန်းသက်သာ ပြီး ပြည်ပအော်ပရေတာတွေထက် ဝန်ဆောင်မှု ကောင်းတဲ့နေ့ MPT ဖုန်းကို ပြန်သုံးမယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly