အိန္ဒိယတွင် လမ်းပေါ်မတော်တဆမှုနှစ်ခုကြောင့် လူ ၄၀ နီးပါးသေဆုံး

အိန္ဒိယတွင် လမ်းပေါ်မတော်တဆမှုနှစ်ခုကြောင့် လူ ၄၀ နီးပါးသေဆုံး

အိန္ဒိယတွင် ဘုရားဖူးများအပြည့်တင်ထားသော ဗင်ကားတစ်စီး မြစ်ထဲထိုးကျခဲ့သည့် ဖြစ်ရပ် နှင့် လမ်းပေါ်မတော်တဆမှုကြောင့် ဇွန် ၁၃ရက်က လူ ၄၀ နီးပါးသေဆုံးခဲ့ရသည်။

နိုင်ငံအရှေ့တောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ကျော်ကြားသည့် Tirupati-Tirumala ဟိန္ဒူဘုရားကျောင်းမှ ဘုရားဖူးအပြန် ဘုရားဖူးခရီးသည်များကို တင်လာသည့် ဗင်ကားတစ်စင်းသည် အရှိန်မထိန်းနိုင်ဘဲ တံတားတစ်ခုပေါ်မှ မြစ်ထဲပြုတ်ကျခဲ့ရာ ကလေးခုနှစ်ဦးအပါအဝင် လူ ၂၂ ဦးသေဆုံးခဲ့သည်။

"ကားက တံတားလက်ရန်းတစ်ခုကို တိုက်မိတယ်။ အဲလက်ရန်းက ကျိုးပြီး ကားက တံတားပေါ်က ပြုတ်ကျတာ" ဟု ပြည်နယ်အုပ်ချုပ်ရေး အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ အေရွန်ကူးမားက ပီတီအိုင်သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ မတော်တဆမှုနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရာရှိသည့် အကူအညီများပေးသွားမည်ဟု အန်ဒရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် အဲန်ချန်ဒရာဘာဘူနိုင်ဒူက တွစ်တာတွင်ရေးသားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ဝတ်ပြုအခမ်းအနားတစ်ခုသို့သွားနေသည့် လူဒါဇင်ပေါင်းများစွာ တင်လာသည့် ထွန်စက်နှစ်စီးနှင့် ကုန်တင်ကား ခေါင်းခြင်းဆိုင်တိုက်မှုတွင် ကလေး ငါးဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်အကြီးတန်းအရာရှိ အာမစ်ဂုပ်တား၏ ပြောကြားချက်ကို ကိုးကား၍ ပီတီအိုင်သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ ယင်းမတော်တဆမှုတွင် အခြားသူ ၃၀ လည်းဒဏ်ရာရရှိခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags