Miss Universe Mandalay ပြိုင်ပွဲ၏ Miss Famous ဆု အတွက် အွန်လိုင်းမှ မဲပေးနိုင်ပြီ

Miss Universe Mandalay ပြိုင်ပွဲ၏ Miss Famous ဆု အတွက် အွန်လိုင်းမှ မဲပေးနိုင်ပြီ

ရန်ကုန်၊ ဇွန် ၁၀ ။  ။ ပထမအကြိမ် Miss Universe Mandalay ပြိုင်ပွဲ ၏ Title ဆု တစ်ခုဖြစ်သည့် Miss Famous ဆု အတွက် အွန်လိုင်း မဲပေးမှု စတင်နေပြီဖြစ်ပြီး ဇွန် ၁၆ ရက် နေ့လယ် ၁၂ နာရီ အထိ နောက်ဆုံးထား မဲပေး နိုင်မည် ဖြစ်သည်။

Miss Universe Mandalay ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ Page ထဲသို့ဝင်ရောက်ပြီး Vote Icon ကိုနှိပ်ကာ တစ်ရက် လျှင် တစ်ကြိမ် မဲပေးနိုင်ပြီ ဖြစ်သည်။

လက်ရှိ အွန်လိုင်း မဲပေးမှုတွင် ခါးနံပါတ် ၁၉ အေးယုမွန် က မဲအရေအတွက် ၃,၀၇၃ မဲဖြင့် မဲအများဆုံး ရပ်တည်နေပြီး ခါးနံပါတ် ၆ နန်းဆုမြတ်တင်ဇာက မဲအရေအတွက် ၂,၇၅၀ မဲဖြင့် ဒုတိယနေရာတွင် ရပ်တည် နေကာ ခါးနံပါတ် ၁ ပိုးပန်းချီခင်က  မဲအရေ အတွက် ၁,၂၇၇ မဲဖြင့် တတိယနေရာတွင် ရှိနေသည်။

ပြိုင်ပွဲ ကြည့်ရှုမည့် ပရိသတ်များအတွက် လက်မှတ်များကို ဇွန်လ ၁၀ ရက်တွင် စတင်ရောင်းချပေးနေ ပြီဖြစ်ပြီး လက်မှတ်ဈေးနှုန်း များကို ကျပ် နှစ်သောင်း၊ တစ်သောင်းခွဲ၊ တစ်သောင်း၊ ငါးထောင် အသီးသီး သတ်မှတ်ထားသည်။

Miss Universe Mandalay 2015 နောက်ဆုံး ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်တွင် မန္တလေးမြို့ရှိ မန္တလေး မြို့တော်ခန်းမ၌ ကျင်းပသွား မည် ဖြစ်ပြီး Miss Famous ဆုကို နောက်ဆုံးပြိုင်ပွဲတွင် ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်သည်။

1st Miss Universe Mandalay အဖြစ် ရွေးချယ်ခံရသည့် အလှမယ်သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲ၏ ဆန်ကာတင် အလှမယ် (၂၀)ဦး စာရင်းသို့ တိုက်ရိုက် ပါဝင်ယှဉ် ပြိုင်ခွင့်ရမည်ဖြစ်သည်။

၎င်း အလှမယ် Miss Universe Myanmar 2015 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် အခါတွင် လည်း နေစရိတ်၊ စားစရိတ် အားလုံးကို Miss Universe Mandalay Organization က တာဝန်ယူပြီး စေလွှတ်ပေးသွားမည်ဖြစ်သည်။

1st Miss Universe Mandalay Winner ဆုရှင်သည် သရဖူနှင့် ဆုကြေးငွေ သိန်း(၃၀)၊ 1st Runner Up က ကျပ်သိန်း ၂၀၊ 2nd Runner Up ရရှိသူသည် ကျပ် ၁၀ သိန်း စသည်ဖြင့် အသီးသီး ချီးမြှင့် သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly