Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

ရန်ကုန်၊ မေ ၃၀  ။    ။ Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ ဦးကို  စတင်မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Golden Landအလှမယ်များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ဝင်ရောက်ပြီး Page ကို Like ပေးရမည်ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

Miss Golden Land Myanmar 2015 Official Voting(1) Album မှ မိမိ ကြိုက်နှစ်သက် သည့် အလှမယ်များ၏ ဓာတ်ပုံများကို Like ပေးခြင်းဖြင့် မဲပေးနိုင်မည် ဖြစ်သည်။ Like ၁ ခုကို မဲ ၁ ခု အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း Miss Golden Land Myanmar Organization စည်းကမ်းချက် ထုတ်ပြန် ထားသည်။

အွန်လိုင်းမဲပေးမှုကို Miss Golden Land Myanmar 2015 ဖိုင်နယ် ပြိုင်ပွဲ ကျင်းပမည့်ရက် ဇွန်လ (၂၁)ရက် ညနေ (၅) နာရီ အချိန်ထိ နောက်ဆုံးထား သတ်မှတ်ထားသည်။

အလှမယ်များကို မဲပေးနိုင်ရန် Miss Golden Land Myanmar 2015 Voting System အတွက် စာမျက်နှာ နှစ်ခု ထားရှိပေးမည် ဖြစ်ပြီး Voting(1) နှင့် Voting(2) ဟူ၍ နှစ်ခုဖြစ်မည်ဖြစ် ကာ Voting System (၁)ခုစီမှ မဲအရေအတွက်များ၏ (၅၀)ရာခိုင်နှုန်းစီ ရေတွက် သတ်မှတ်မည် ဖြစ်သည်။  

Voting System (၂)ခုပေါင်း မဲရာခိုင်နှုန်း အမြင့်ဆုံး ရရှိသည့်  အလှမယ်သည် Myanmar's Choice Award ကို ရရှိမည် ဖြစ်ပြီး ဖိုင်နယ် ပြိုင်ပွဲ၏ Top (15) စာရင်းကို အလိုအလျောက် တက်လှမ်းခွင့် ရရှိမည် ဖြစ်သည်။

ကမ္ဘာ့ အလှမယ် ပြိုင်ပွဲ (၅)ပွဲအတွက် Miss Myanmar ငါးဦး ရွေးချယ်ရန် တစ်လ ကြာ ကျင်းပ လျက် ရှိသည့် Miss Golden Land Myanmar 2015 ရွေးချယ်ပွဲ၏ FITNESS & LIFESTYLE (SWIMSUIT) COMPETITION ကို ပြင်ဦးလွင်မြို့ ၊ ဆောင်းသဇင် Hotel ၌ ကျင်းပခဲ့ပြီး ရွှေတံဆိပ်ဆုကို အလှမယ် အိမ့်မျက်ခြယ်က ရရှိ ခဲ့ပြီး ငွေတံဆိပ်ဆုကို အလှမယ် ဂျာထွယ်လု ၊ ကြေးတံဆိပ်ကို အလှမယ် နန်ဆိုင်းအိန် တို့က ရရှိ ခဲ့သည်။

ယင်းအပြင် Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Multimedia (Special Award) အတွက် Social Media Presentation ပြိုင်ပွဲ စတင်ပြီ ဖြစ်ရာ Miss Golden Land အလှမယ်(၃၁) ဦးသည် မိမိတို့၏ Official Facebook Page များကို နေ့စဉ် ကိုယ်တိုင် အသုံးပြုကြ ရမည်ဖြစ်ပြီး ပြိုင်ပွဲ ကာလ တစ်လျှောက်လုံးတွင် ဓာတ်ပုံ၊ Video ရုပ်သံ တင်ဆက်မှု များစွာဖြင့် Social Media ကို အကျိုးရှိစွာ အသုံးပြု ကြရမည် ဖြစ်သည်။

Miss Golden Land Myanmar 2015 နောက်ဆုံးပြိုင်ပွဲ  ကာလတစ်လျှောက်လုံးတွင် Social Media ကို အကောင်းမွန်ဆုံး အကျိုးရှိရှိ အသုံးပြုတင်ဆက်နိုင်သည့် အလှမယ်ကို Multimedia Winner ဆုရှင်အဖြစ် ရွေးချယ်ကြေညာပြီး ချီးမြှင့်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly