Luxury Brand Model Awards Seoul 2015 Winner ဆု မြန်မာနိုင်ငံမှ အလှမယ် ဇွန်သံစဉ် ရရှိ

Luxury Brand Model Awards Seoul 2015 Winner ဆု မြန်မာနိုင်ငံမှ အလှမယ် ဇွန်သံစဉ် ရရှိ

ရန်ကုန် ၊ မေ ၂၇ ။        ။ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တွင် မေလ ၂၇ရက်က ကျင်းပ ပြုလုပ်သည့် Luxury Brand Model Awards Seoul 2015 ပြိုင်ပွဲ တွင်မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် အလှမယ် ဇွန်သံစဉ်မှ Luxury Brand Model Awards 2015  ဆု ရရှိ သွားသည်။

Luxury Brand Model Awards 2015 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုများ အဖြစ် မော်ဒယ် ဇွန်သံစဉ် ၊ မျိုးဇော်အောင်၊ လင်းနေ တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ် သည်။ ထိုပြိုင်ပွဲကို Style Plus H သင်တန်းကျောင်း မှ ကိုဖြိုးပိုင်ဦး နှင့် မလှနုထွန်းတို့မှ National Director အဖြစ် တာဝန် ယူပြီး စေလွှတ်ခြင်း ဖြစ်သည်။

ထိုပြိုင်ပွဲသည် တခြား အလှမယ် ပြိုင်ပွဲများ နှင့်မတူပဲ နိုင်ငံတကာမှ Model Art University ၊ College၊ Agency School ‌ကျောင်းဆင်းများ ဝင်‌ရောက် ယှဉ်ပြိုင် ကြ‌ သည့် ပြိုင်ပွဲ တခြုဖစ်သည်။ ထိုပြိုင်ပွဲတွင် အလှမယ် ဇွန်သံစဉ် က ဒီဇိုင်နာ မပုံ့(My favourite ) ဖန်တီး ချုပ်လုပ် ထားသည့် ပုဂံခေတ်စတိုင် နိုင်ငံ ကိုယ်စားပြု ဝတ်စုံ ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

အလှမယ် ဇွန်သံစဉ်သည် Luxury Brand Model Awards 2015 Winner ဆု အပြင် Asian beauty star ဆုကိုလည်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly