ပြည်တွင်းအကဲဖြတ် ဒိုင် ၁၃ဦး ၊ ပြည်ပအကဲဖြတ် ဒိုင် ၁၀ဦးတို့ ပါ၀င်မည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ပြည်တွင်းအကဲဖြတ် ဒိုင် ၁၃ဦး ၊ ပြည်ပအကဲဖြတ် ဒိုင် ၁၀ဦးတို့ ပါ၀င်မည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ရန်ကုန် ၊ မေ ၂၇ ။        ။ တတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ပြည်တွင်း မှ အကဲဖြတ် ဒိုင် ၁၃ဦး ၊ ပြည်ပ မှ အကဲဖြတ် ဒိုင် ၁၀ဦးတို့ ပါဝင်ကြမည် ဖြစ်ပြီး ပြည်တွင်း ၊ ပြည်ပ ပြိုင်ပွဲဝင် ဇာတ်ကား ပေါင်း ၇၁ ကား ပြသ သွားမည် ဖြစ်သည်။

ထို ရုပ်ရှင်ပွဲတော် အတွက် လာရောက် လျှောက်ထားသည့် ပြည်တွင်း ပြိုင်ပွဲဝင် ဇာတ်ကား ၃၉ ကားထဲမှ ၂၇ကား ရွေးချယ် ပြီး ပြသမည်  ဖြစ်ပြီး လူ့အခွင့် အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင် သိပ္ပံ သင်တန်းကျောင်းမှ သင်တန်းဆင်း ၁၂ဦး၏ မှတ်တမ်း ဇာတ်ကား လေးကားလည်း ပါဝင်မည် ဖြစ်သည်။ သို့ဖြစ်၍ ပြည်တွင်းရုပ်ရှင် ၃၁ ကား နှင့် နိုင်ငံတကာရုပ်ရှင်ကား ၄၀ ကို ပြသမည် ဖြစ်သည်။

ရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှ အကဲဖြတ်ဒိုင်များ အဖြစ် ပန်းချီဆရာမ ချောအိသိမ်း ၊ ကာတွန်းဆရာ စိုးသော်တာ၊ အယ်ဒီ တာ ကိုရဲနီ (ဧရာဝတီအပတ်စဉ် သတင်း စာဂျာနယ်)  ၊ မသီတာ(DVB) ၊ ရုပ်ရှင်ဒါရိုက်တာ လူရွှင်တော် ဇာဂနာ ၊သတင်းစာ ဆရာ စည်သူအောင်မြင့် ၊ စာရေးဆရာ ကဗျာဆရာ မောင်လင်းရိပ် ၊ ဒေါက် တာကျော်သူ (ပေါင်းကူး) ၊ ဒေါ်မေစံပါယ်ဖြူ (GEN) ၊ စာရေးဆရာကြည်ရွှန်း ၊ ဒါရိုက်တာ ဝီရ ၊ ကာတွန်းဆရာ မောင်မောင် အောင် ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့ ပါဝင်မည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကျင်းပခဲ့သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ  ရုပ်ရှင်ပွဲတော်များတွင် ပြည်တွင်း ရုပ်ရှင် ၅၄ ကား နှင့် နိုင်ငံတကာရုပ်ရှင် ၆၇ကား၊ စုစုပေါင်း ရုပ်ရှင်ကား ၁၂၀ကျော်ကို ပြသခဲ့ပြီး ဖြစ်သည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကို ဇွန်လ ၁၄ မှ ၁၉ ရက်အထိ ရန်ကုန်မြို့ ဝဇီရာ ရုပ်ရှင်ရုံ နှင့် နေပြည်တော် ရုပ်ရှင်ရုံ တို့တွင် ကျင်းပ မည် ဖြစ်ပြီး ယင်းရုပ်ရှင်ပွဲတော်တွင် အောင်ဆန်းစုကြည်ဆု ၊ မင်းကိုနိုင်ဆု ၊ ဟံသာဝတီ ဦးဝင်တင်ဆု ၊ မတ် ၁၃ ဆု ၊  ဟံသာဝတီ ဦးဝင်တင်ဆု ၊ Vaclav Havel Library Award ၊ Peter Wintonick Award ၊ Jury Mention Award (International) စသည့် ဆုများကို ချီးမြှင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly