Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ ပါရမီ စွမ်းရည် ပြိုင်ပွဲတွင် အလှမယ် ၃ဦးကို ဆုပေး

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ ပါရမီ စွမ်းရည် ပြိုင်ပွဲတွင် အလှမယ် ၃ဦးကို ဆုပေး

ရန်ကုန် ၊ မေ ၂၆ ။       ။ Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ ပါရမီစွမ်းရည် ပြိုင်ပွဲ (Talent Competition)  ကို မေလ ၂၅ရက်တွင် မန္တလေးမြို့ရှိ Oriental House၌ ကျင်းပ ပြုလုပ် ခဲ့ပြီး အလှမယ် သုံးဦးကို ရွေ၊ငွေ၊ ကြေးတံဆိပ်ဆုများ ပေးအပ်ခဲ့သည်။

ကမ္ဘာ့အလှမယ်ပြိုင်ပွဲ ငါးပွဲအတွက် Miss Myanmar  ငါးဦးရွေးချယ်ရန် တစ်လကြာ ကျင်းပ လျက်ရှိသည့် Miss Golden Land Myanmar 2015 ရွေးချယ်ပွဲကြီး၏ ပါရမီစွမ်းရည်ပြိုင်ပွဲတွင် ဆန်ကာတင် အလှမယ် များက မိမိတို့ကျွမ်းကျင်ပိုင်နိုင်သည့် အဆို၊ အက၊ အတီး အစရှိသည့် စွမ်းရည် များဖြင့် တင်ဆက် ယှဉ်ပြိုင် ကြခြင်း ဖြစ်သည်။

ပါရမီစွမ်းရည် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦး ထဲမှ နောက်ဆုံး ဆန်ကာတင် အလှမယ် ၁၀ဦး ရွေးချယ်ပြီး  အဆိုပါ ၁၀ဦးထဲမှ ရွှေတံဆိပ် ၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆုကို Miss Golden Land ခါးနံပါတ် ၃ မြတ်အိန္ဒြေထက်က  ရရှိ ခဲ့ပြီး ငွေတံဆိပ်ဆုကို  ခါးနံပါတ် ၂၉ ခြူးစစ်ဟန် ၊ ကြေးတံဆိပ်ဆုကို  ခါးနံပါတ် ၁၂ W-မေရှင်းစိန် တို့က ရရှိ ခဲ့သည်။

Miss Golden Land Myanmar 2015 ဖွင့်ပွဲ အခမ်းအနား နှင့် Media Choice Award ရွေးချယ်ပွဲ ကို မေလ ၁၃ ရက်တွင် ဆူးလေ ရှန်ဂရီလာ ဟိုတယ် ၌ ကျင်းပ ပြု လုပ် ခဲ့ပြီး Media Choice Award ဆုသုံးဆုအဖြစ် ရွှေတံဆိပ်ဆုကို Miss Golden Land ခါးနံပတ် ၁ L ဘောက်နူး ၊ ငွေတံဆိပ်ဆုကို  ခါးနံပါတ် ၁၂ W မေရှင်းစိန် ၊ ကြေးတံဆိပ်ဆုကို ခါးနံပါတ် ၁၅ ခင်အင်ကြင်းကျော် တို့က ရရှိခဲ့ကြသည်။

ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦး သည် မေ ၂၅ရက် မှ ၃၁ရက် အထိ မန္တလေး၊ ပြင်ဦးလွင် နှင့် ပုဂံ မြို့များ တွင် ပရဟိတ လုပ်ငန်းများ၊ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်း မြှင့်တင် ရေး အစီအစဉ် များနှင့် အကြိုပဏာမ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

Miss Golden Land Myanmar 2015 နောက်ဆုံး ပြိုင်ပွဲကို ဇွန်လ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ ၌ ကျင်းပ ပြုလုပ်ရန် စီစဉ် ထားပြီး Miss ငါးဦး ရွေးချယ် မည့် အပြင် Special Awards အဖြစ် Myanmar's Choice ၊ Miss Friendship ၊ Top Model ၊ Sport Champion ၊ Best in Talent ၊ Best in Fitness & Lifestyle ၊ Best in Evening Gown ၊ Multimedia စသည့် ဆုများကို လည်း ရွေးချယ် ချီးမြှင့် သွား မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly