ကချင်တိုင်းရင်းသူ အဆိုတော် ဆိုင်းမိုင်၏ တစ်ကိုယ်တော် ထွက်ရှိမည်

ကချင်တိုင်းရင်းသူ အဆိုတော် ဆိုင်းမိုင်၏ တစ်ကိုယ်တော် ထွက်ရှိမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ကချင်တိုင်းရင်းသူ အဆိုတော် ဆိုင်းမိုင်၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ အသစ်ဖြစ်သည့် နောက်ဆုံးအနမ်း Audio CD ကို မေလ ၉ ရက်တွင် Bo Bo Music Production မှ ထုတ်လုပ် ဖြန့်ချိမည် ဖြစ်သည်။

အဆိုတော် ဆိုင်းမိုင်၏ နောက်ဆုံးအနမ်း တစ်ကိုယ်တော် အယ်ဘမ် Audio CD နှင့် ပတ်သက်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၇ရက် မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့သည်။

နောက်ဆုံးအနမ်း တေးအယ်ဘမ်တွင် ကိုယ်ပိုင်တေးသီချင်းများ ပါဝင်ပြီး သီချင်းပုဒ်ရေ စုစုပေါင်း ၁၁ ပုဒ် ပါဝင်သည်။ ထိုအယ်ဘမ်တွင် Featuring အဆိုရှင်အဖြစ် အဆိုတော် အောင်လက ပါဝင်သီဆိုထားပြီး တေးရေးများအဖြစ် အောင်လ၊ ဝန၊ Buti၊ Awng Awng(F.E.F)၊ သာချိုတို့က ရေးစပ် ပေးထားကြသည်။

အဆိုတော် ဆိုင်းမိုင်သည် နောက်ဆုံးအနမ်း တေးအယ်ဘမ်ကို Audio CD အပြင် DVD ကိုလည်း ရိုက်ကူးလျက်ရှိပြီး အမြန်ဆုံးထွက်ရှိနိုင်ရန် စီစဉ်သွားမည် ဖြစ်သည်။

အဆိုတော် ဆိုင်းမိုင်၏ နောက်ဆုံးအနမ်း တစ်ကိုယ်တော် အယ်ဘမ်ကို မူပိုင်အဖြစ် SMT မှ ထုတ်လုပ်ပြီး Bo Bo Music Production မှ ထုတ်လုပ် ဖြန့်ချိမည် ဖြစ်သည်။

အဆိုပါ အခွေနှင့် ပတ်သက်ပြီး ပရိုမိုးရှင်းပွဲကို မေလ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Dagon Center ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုတော် ဆိုင်းမိုင်နှင့်အတူ အနုပညာရှင်များမှ အမှတ်တရ လက်မှတ်ထိုး ရောင်းချပေးမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly