လီဂျောင်ဂီနှင့် ဂျီဟေဘင်တို့ တွဲနေခြင်းမဟုတ်ဟု အေဂျင်စီ ငြင်းဆို

လီဂျောင်ဂီနှင့် ဂျီဟေဘင်တို့ တွဲနေခြင်းမဟုတ်ဟု အေဂျင်စီ ငြင်းဆို

တောင်ကိုရီးယားမင်းသား လီဂျောင်ကီနှင့် ဂျီဟေဘင်တို့တွဲနေသည်ဟူသော ကောလဟာလ သတင်းများကို မဟုတ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ဂျီဟေဘင်က မင်းသားလီဂျောင်ကီနှင့် တွဲနေသည်ဟူသော မကြာသေးမီက ထွက်ပေါ်လာ သော သတင်းများမှာ ကောလဟာလ များသာဖြစ်ကြောင်း ပြေကြားခဲ့သည်။ လီဂျောင်ကီနှင့် ဂျီဟေဘင်တို့သည် တွဲနေကြကြောင်းနှင့် ၎င်းတို့နှစ်ဦးကို လူသိများသော ဟိုတယ်တစ်ခု၏ ကျန်းမာစင်တာတစ်ခုတွင် လေ့ကျင့်ခန်း အတူလုပ်ဆောင်လျက်ရှိကြောင်း ဇွန် ၁၉ ရက်ထုတ် Newswary တွင် ဖော်ပြထားသည်။

၎င်းတို့ နှစ်ဦးနှင့်ရင်းနှီးသော သတင်းအရင်းအမြစ် တစ်ခုမှ ပြောကြားချက်များကို အသုံးပြုကာ သတင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း Newswary မီဒီယာက ပြေကြားသည်။

” လီဂျောင်ကီနဲ့ ဂျီဟေဘင်တို့ဟာ တစ်ဦးနဲ့တစ်ဦး အရမ်းရင်းနှီးပုံရတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ထိခိုက်စေမယ့် အရာတွေကို ရှောင်ကြည်ကြတယ်”ဟု ပြောကြားသည်။

သို့ရာတွင် ဂျီဟေဘင်၏အေဂျင်စီက “သူတို့နှစ်ဦးဟာ ဒရမ်မာ ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင် ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တွဲနေတာမဟုတ်မဟုတ်ပါဘူး။”ဟု ပြောကြားခဲ့သည်။     လီဂျောင်ကီသည် လက်ရှိအချိန်တွင် MBC ရုပ်သံ၏ ဇာတ်ကားသစ်ဖြစ်သော Scholar Who Walks the Night ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိပြီး ဂျီဟေဘင်သည် ဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ရန် ကိစ္စရပ်နှင့် စဉ်းစားသုံးသပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly