ဂျက်စတင်ဘီဘာနှင့် အက်ရှာတို့ တေးသီချင်းမူပိုင်ခွင့် ချိုးဖောက်မှု စွဲချက်နှင့် ရင်ဆိုင်နေရ

ဂျက်စတင်ဘီဘာနှင့် အက်ရှာတို့ တေးသီချင်းမူပိုင်ခွင့် ချိုးဖောက်မှု စွဲချက်နှင့် ရင်ဆိုင်နေရ

ရိုက်တာ (နယူးယော့ခ်)။ ။ ကနေဒါပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာနှင့် အက်ရှာတို့သည် ဗားဂျီးနီးယား သီချင်းရေးဆရာ နှစ်ဦး ရေးစပ်ထားသော သီချင်းကို တရားမဝင် ကူးချမှုစွဲချက်ကို တရားရင်ဆိုင်ရန် အမေရိကန် အယူခံတရားရုံးက ဇွန် ၁၈ ရက်တွင် အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသည်။

R&B အဆိုတော် ဒီရီကိုဟု လူသိများသော ဒါဗင်ကော့ပ်လန်းနှင့် ၎င်း၏ သီချင်းရေးဆရာ မာရီအို အိုဗာတန်တို့က ၂၀၁၃ ခုနှစ်မေလက တရားစွဲဆိုထားသော ယင်းအမှုကို မဲအရေအတွက်သုံးမဲ သုညမဲဖြင့် ရက်စ်မောက်ဒ်ရှိ  အမေရိကန် အယူခံတရားရုံးက ပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

တရားလိုများက ဘီဘာနှင့် အက်ရှာတို့သည်  Somebody to Love တေးသီချင်းကို အသံသွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘီဘာနှင့် အက်ရှာတို့ အသံသွင်းခဲ့သော သီချင်းမှာ အလားတူနာမည်ဖြစ်ပြီး စည်းချက်များ၊ ကာ့ဒ်များနှင့် စာသားများလည်း တူညီနေကြောင်း ပြောကြားခဲ့သည်။

“ကော့ပ်လန်းဒ် တေးသီချင်းနဲ့ ဘီဘာနှင့် အက်စ်ရှာတို့ သီဆိုထားတဲ့ သီချင်းကို နားထောင်ကြည့်တဲ့အခါ သူတို့ရဲ့ သံပြိုင်အပိုဒ်တွေဟာ တူညီနေတာကို တွေ့ရတယ်။ တာဝန်ရှိတဲ့ အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ကလည်း ဒီသီချင်း နှစ်ပုဒ်လုံးဟာ ပင်ကိုအားဖြင့် တူညီနေတာကို တွေ့ရှိတယ်။ ဒါဟာလုံလောက်တဲ့ အရေးပါတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်” ဟု တရားသူကြီးက အယူခံတရားရုံးသို့ ရေးသွင်းခဲ့သည်။

တရားခံများတွင်  Vivendi SA ကုမ္ပဏီ၏ Universal တေးသီချင်း ထုတ်လုပ်ရေးအဖွဲ့နှင့် Sony ကုမ္ပဏီ၏ Sony/ATV တေးသီချင်း ထုတ်လုပ်ရေး အဖွဲ့ကဲ့သို့သော ထုတ်လုပ်သူများလည်း ပါဝင်သည်။

ဘီဘာသည် Somebody to Love တေးသီချင်းကို အသံသွင်းခဲ့ပြီး ဘီဘာက ၎င်းကိုယ်၎င်း ပူးတွဲသီချင်းရေး ဆရာအဖြစ် ဖော်ပြခဲ့ကြောင်းနှင့် ယင်းသီချင်းသည် ၂၀၁၀ ခုနှစ်က ဘေလ်ဘုတ် ၁၀၀ စာရင်းတွင် နံပါတ် ၁၅ နေရာတွင် ရပ်တည်ခဲ့သည်။ အက်ရှာသည်လည်း အဆိုပါသီချင်းကို remix လုပ်ကာ သီဆိုခဲ့သည်။

ကော့ပ်လန်းဒ်နှင့် အိုဗာတန်တို့သည်  Somebody to Love တေးသီချင်းကို ၂၀၀၈ ခုနှစ်က ရေးစပ်ခဲ့ပြီး ကော့ပ်လန်းဒ်၏ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့သော My Story II တေးသီချင်း အယ်လ်ဘမ်တွင် ပါဝင်ခဲ့သည်။

တရားခံများ၏ ရှေ့နေက သီချင်းကူးယူမှုသည် မဖြစ်နိုင်ကြောင်း ဘီဘာနှင့် အက်ရှာတို့၏ တေးသီချင်းသည်
ပေါ့ပ်အမျိုးအစားဖြစ်ပြီး ကော့ပ်လန်းဒ်၏ တေးသီချင်းသည် R&B တေးသီချင်း အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly