Instyle ဖက်ရှင်မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ပက်ခ်ရှင်ဟေးနှင့်ကင်ဆာယောင်း

Instyle ဖက်ရှင်မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ပက်ခ်ရှင်ဟေးနှင့်ကင်ဆာယောင်း

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးနှင့် ကင်ဆာယောင်းတို့ Instyle ကိုရီးယား ဖက်ရှင် မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ခဲ့ကြသည်။ Instyle မဂ္ဂဇင်းက ဇူလိုင်လထုတ် မဂ္ဂဇင်းမတိုင်မီ ဇန်နဝါရီ ၁၇ ရက်က ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါဓာတ်ပုံများသည် မေ ၂၆ ရက်က ကျင်းပပြုလုပ်သော  ၅၁ ကြိမ်မြောက်  Paeksang အနုပညာ ဆုပေးပွဲအတွင်း ဇာတ်စင်နောက်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများဖြစ်ကြောင်းနှင့် အဆိုပါဆုပေးပွဲတွင် ပက်ခ်ရှင်ဟေးသည် ရုပ်ရှင်ဇာတ်ကားတွင် လူအကြိုက်များဆုံး မင်းသမီးဆုနှင့် ရုပ်မြင်သံကြား ဒရမ်မာ ဇာတ်ကား တစ်ကားဖြင့် အကောင်းဆုံး မင်းသမီးဆုတွေကို ရရှိခဲ့သည်။

ကင်သည် ငါးနှစ်ကြာ အနုပညာအလုပ်ကို လုပ်ကိုင်ပြီးနောက်ပိုင်း မကြာသေးမီက ရုပ်မြင်သံကြား ဇာတ်ကား Beloved Eun-dong တွင် ပြန်လည် ပါဝင်ရိုက်ကူးခဲ့သည်။ မင်းသမီး ဆောင်ယွန်အာသည်လည်း ခင်ပွန်းဖြစ်သူ ဆိုကောင်ဂူနှင့်အတူ လက်ချင်းတွဲလျက် Instyle မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးမှုတွင် ပါဝင်ခဲ့သည့် မင်းသား လီဂျောင်ဂျေးသည်လည်း ဓာတ်ပုံရိုက်ကူးမှုတွင် ပါဝင်ခဲ့သည်။

Instyle မဂ္ဂဇင်းသည် ၅၁ ကြိမ်မြောက် Paeksnag အနုပညာဆုပေးပွဲကို ကမကထပြုခဲ့ကြောင်းနှင့် ယခင်ကလည်း gala ဆုပေးပွဲအတွက် ကမကထပြုခဲ့သည်။ Instyle ကိုရီးယားမဂ္ဂဇင်း ဇူလိုင်လထုတ်ကို ယခုလနှောင်းပိုင်းတွင် ထုတ်ဝေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly