BIGBANG အဖွဲ့ အမေရိကန်နှင့်ကနေဒါတို့တွင် ၂၀၁၅ ကမ္ဘာလှည့်ဖျော်ဖြေရေးအစီစဉ် MADE ကို ဖျော်ဖြေတင်ဆက်သွားမည်

BIGBANG အဖွဲ့ အမေရိကန်နှင့်ကနေဒါတို့တွင် ၂၀၁၅ ကမ္ဘာလှည့်ဖျော်ဖြေရေးအစီစဉ် MADE ကို ဖျော်ဖြေတင်ဆက်သွားမည်

ဆိုးလ်၊ မေ ၂၇ ။         ။ တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BIGBANG အဖွဲ့က ၎င်းတို့၏ ၂၀၁၅ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် MADE အတွက် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲကျင်းပပြုလုပ်မည့် အာရှပြင်ပ နိုင်ငံများကို ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၂ရက်မှစတင်ကာ အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်မြို့၊ အန်နာဟမ် နှင့် နီးဝက်ခ်မြို့ ( နှစ်ည) တို့တွင် ဖျော်ဖြေပွဲများ စတင်ကျင်းပသွား မည်ဖြစ်ကြောင်းနှင့် ယင်းနောက်တွင် ကနေဒါနိုင်ငံ တိုရန်တိုမြို့သို့  ပထမဆုံးအကြိမ် အလည်ပတ်သွားရောက်မည်ဖြစ်သည်။

BIGBANG အဖွဲ့သည် ၎င်းတို့၏ BIGBANG ALIVE Galaxy World Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို အမေရိကန်ပြည်ထောင်စုတွင် ဖျော်ဖြေတင် ဆက် ခဲ့ပြီးသည့်နောက်ပိုင်း  သုံးနှစ်တာကလအတွင်း ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်စ်ဗီးဂက်စ်၊ အန်နာဟမ် နှင့် တိုရန်တိုမြို့တို့တွင်ပြုလုပ်မည့် ဖျော်ဖြေရေးပွဲများအတွက် လက်မှတ်များကို Live Nation တွင် ဇွန်၁၂ရက်မှစ၍ ရောင်းချပေးသွား မည်ဖြစ်ပြီး အခြားသောဖျော်ဖြေပွဲကျင်းပမည့် နေရာများအတွက် သတင်းအချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

BIGBANG အဖွဲ့သည် ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် MADE အတွက် စက်တင်ဘာလအထိ လစဉ် သီချင်းသစ်များကို ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး စိတ်လှုပ် ရှားဖွယ်ရာ အခွင့်ရေးများကို ခံစားရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags