ကာလ်ဗင်ဟာရစ်နှင့် တွဲနေသည်ဟု သတင်းထွက်နေတဲ့ တေလာ

ကာလ်ဗင်ဟာရစ်နှင့် တွဲနေသည်ဟု သတင်းထွက်နေတဲ့ တေလာ

(ကွန်တက်မြူးဇစ်)။ ။ ကမ္ဘာကျော် အဆိုတော် တေလာဆွဇ်သည် စကော့တလန် အဆိုတော် တစ်ဦးဖြစ်ပြီး ဒီဂျေသမား တစ်ဦးဖြစ်သူ ကာလ်ဗင်ဟာရစ်နှင့် တွဲနေကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

တေလာနှင့် သူငယ်ချင်းဖြစ်သူ အာလန်နာဟိုင်း တို့သည် မေ ၉ ရက်က  ကာလ်ဗင်၏ တင်ဆက်မှုကို လာရောက်ကြည့်ရှုခဲ့ဲပြီး တေလာသည် တေးသွားနှင့်အညီ သီဆိုဖျော်ဖြေ ကခုန်ခဲ့ကြသည်။ တေလာနှင့် ကာလ်ဗင်တို့သည်  တွဲလျက်ရှိကြောင်း လပေါင်းများစွာကြာ ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ယခုအခါ  102.7 FM’s Wango Tango ဖျော်ဖြေပွဲအတွင်း လူသိရှင်ကြား တွဲလျက်ရှိသည်။

 ဖျော်ဖြေပွဲအတွင်း တေလာနှင့် ကာလ်ဗင်တို့သည် ဇာတ်စင်နောက်တွင် တစ်ယောက်နှင့် တစ်ယောက်လက်ချင်း တွဲထားကြပြီး အနမ်းများပေးနေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် လော့စ်အိန်ဂျလိစ်မြို့ရှိ  StubHub စင်တာမှ အတူထွက်ခွာခဲ့ကြောင် E! News တွင် ဖော်ပြထားသည်။

”သူတို့နှစ်ဦးဟာ ချစ်စရာကောင်းနေတယ်။ သူတို့နှစ်ယောက် ပျော်နေတယ်လို့ ထင်ရတယ်။သူတို့ နှစ်ဦးရဲ့ ပုံကိုကြည့်တာ တွဲနေပုံပေါက်တယ်” ဟု E!News တွင် ဖော်ပြထားသည်။

ဆွဇ်နှင့် ဟာရစ်တို့နှစ်ဦးကို ယခုနှစ်အစောပိုင်းက Whole Foods စတိုးဆိုင်တွင် ဈေးဝယ်ထွက်နေသည်ကို အတူတကွတွေ့ရှိခဲ့သည့် အချိန်မှစ၍ ပထမအကြိမ် ကောလဟာလများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ကာနေးချက်စ်နေး ဖျော်ဖြေပွဲတွင် ထပ်မံအတူတွေ့ရှိခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်လကလည်း  ၎င်းတို့နှစ်ဦးသည် လော့စ်အိန်ဂျလိစ်မြိုတွင် ပြုလုပ်သော ဟိုင်းဖျော်ဖြေပွဲမှ ထွက်ခွာလာသည့်အချိန်တွင် လက်ချင်းချိတ်လျက်ထွက်လာသည့် ဓာတ်ပုံများ ထက်ပေါ်ခဲ့သည်။

တေလာသည် ၎င်း၏ တစ်ကိုယ်တော် တေးသီချင်းဗီဒီယိုသစ် Bad Blood ကို ထွက်ရှိရန် လုပ်ဆောင်လျက်ရှိပြီး လာမည့်သီတင်းပတ်ကုန်တွင် ကျင်းပပြုလုပ်မည့် ဘေလ်ဘုတ် တေးဂီတ ဆုပေးပွဲတွင် အဆိုပါတေးသီချင်းကို ပွဲဦးထွက် တင်ဆက်ဖျော်ဖြေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly